Connect with us

Science & Technology

တရုတ်နိုင်ငံက BeiDou တည်နေရာပြ ဂြိုဟ်တု၂လုံးလွှတ်တင်


ရှီးချန်း၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ စီချွမ်ပြည်နယ် ရှီးချန်း ဂြိုဟ်တုလွှတ်တင်ရေး စင်တာမှ နိုဝင်ဘာ ၁၉ ရက် နံနက် ၂း၀၇နာရီတွင် ဂြိုဟ်တုသစ်၂လုံး အား Long March-3B ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံတစ်စင်း ဖြင့် အာကာသအတွင်းရှိ BeiDou တည်နေရာပြဂြိုဟ်တုစနစ် (BDS) အတွင်းသို့ လွှတ်တင်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဂြိုဟ်တုများသည် ၃နာရီကျော်အကြာတွင် ကမ္ဘာ၏ ကြားခံ ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်ခဲ့ပြီး အာကာသအတွင်းရှိ အခြားသော BDS-3 ဂြိုဟ်တု ၁၇လုံး နှင့် ချိတ်ဆက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းဂြိုဟ်တု ၂လုံးသည် BDS ဂြိုဟ်တုအုပ်စု ၏ ၄၂ ခု နှင့် ၄၃ခုမြောက် ဂြိုဟ်တုများဖြစ်ကြောင်း သိရသည်။

BeiDou တည်နေရာပြ ဂြိုဟ်တု၂လုံးအား Long March-3B ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံတစ်စင်း ဖြင့် နိုဝင်ဘာ ၁၉ ရက်ကလွှတ်တင်စဉ် (ဆင်ဟွာ)

BeiDou တည်နေရာပြ ဂြိုဟ်တု၂လုံးအား Long March-3B ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံတစ်စင်း ဖြင့် နိုဝင်ဘာ ၁၉ ရက်ကလွှတ်တင်စဉ် (ဆင်ဟွာ)

ဂြိုဟ်တုများ အောင်မြင်စွာ လွှတ်တင်နိုင်မှု နှင့်အတူ အခြေခံ BDS ဂြိုဟ်တုအစုအဝေးဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ် ပြီးပြည့်စုံသွားပြီဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံသည် BDS-3 စနစ်ဖြင့် ၂၀၁၈ခုနှစ် နှစ်ကုန်ပိုင်း မတိုင်မီ ခေတ်သစ်ပိုးလမ်းမကြီးမိတ်ဖက်နိုင်ငံများအတွက် တည်နေရာစနစ်များကို ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.