Connect with us

Science & Technology

ကမ္ဘာ့ အသုံးပြုသူ အများဆုံး ဖြစ်လာသည့် တရုတ် ဒိုမိန်း “.cn”

“.cn” ကမ္ဘာ့ သုံးစွဲသူအများဆုံး ဒိုမိန်း ဖြစ်လာ (အင်တာနက်)

ပေကျင်း၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဒိုမိန်း “.cn” သည် လက်ရှိတွင် ကမ္ဘာ့ အသုံးပြုသူ အများဆုံး ဒိုမိန်း ဖြစ်လာကြောင်း သိရသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက “.cn” ကို သုံးစွဲသူမှာ ၁၆.၃၆ သန်းရှိခဲ့ပြီး ဂျာမနီ၏ “.de” အပေါ်၌ ရှိနေကြောင်း တရုတ် အင်တာနက် ကွန်ရက် သတင်းအချက်အလက် စင်တာ (CNNIC) ၏ ထုတ်ပြန်ချက်အရ သိရသည်။

“.cn” သည် ဒိုမိန်း resolution ဝန်ဆောင်မှု၊ လုံခြုံရေးနှင့် သုံးစွဲရ လွယ်ကူခြင်း စသည်တို့တွင် ဦးဆောင်နေ ကြောင်း CNNIC ဥက္ကဋ္ဌ လီရှောက်ဒေါင် ကပြောသည်။

အဆိုပါ ဒိုမိန်းအား တရုတ်နိုင်ငံ တက္ကသိုလ်များနှင့် ကုမ္ပဏီများသာ သုံးစွဲခြင်း မဟုတ်ဘဲ ပြည်ပ တက္ကသိုလ်များ နှင့် အက်ပဲလ်၊ မိုက်ခရိုဆော့ဖ်၊ ဆမ်ဆောင်းနှင့် အမေဇုံ စသည်တို့ အပါအဝင် နိုင်ငံမျိုးစုံကလည်း သုံးစွဲကြ ကြောင်း CNNIC အချက်အလက်များအရ သိရသည်။

တရုတ်နိုင်ငံတွင်လည်း ဗဟိုနှင့် ဒေသဆိုင်ရာ အစိုးရများ၊ ဆက်သွယ်ရေး ကုမ္ပဏီနှင့် စီးပွားရေးဆိုင်ရာ ဘဏ် များက အများဆုံး သုံးစွဲကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.