Connect with us

Science & Technology

ပေကျင်းမြို့၏ ကားပါကင် ပြဿနာကို ကုမ္ပဏီအသစ်က အဖြေရှာပေးမည်

တရုတ်နိုင်ငံ ပေကျင်းမြို့ ရှိ ကားပါကင် တစ်ခုအားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံပေကျင်းမြို့ရှိ မြို့တော်ကားပါကင်(ယာဉ်ရပ်နားနေရာ) ပြဿနာကို အဖြေရှာရန် နိုဝင်ဘာ ၅ ရက်တွင် နိုင်ငံပိုင် ကုမ္ပဏီ ၄ ခုမှ အတူတကွ ပူးပေါင်းပြီး ကုမ္ပဏီသစ်တစ်ခုကို စတင် တည်ထောင်လိုက်ကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီသစ်သည် ပေကျင်းမြို့တော် ယာဉ်ကြောကြပ်တည်းမှု ဖြေရှင်းရေး ရင်းနှီးမြှုပ်နှံမှု နှင့် လုပ်ငန်းဆောင်ရွက်မှု ကုမ္ပဏီ ဖြစ်ပြီး မြို့တော်အတွင်း ကားပါကင်နေရာပိုမိုရရှိစေရေး နှင့် ကားပါကင်နေရာသစ်တည်ဆောက်ရေး ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းတည်ထောင်လိုက်ခြင်းဖြစ်ကြောင်း ပေကျင်းမြို့တော် နိုင်ငံပိုင်လုပ်ငန်းများ စီမံခန့်ခွဲမှု နှင့် ကြီးကြပ်မှု ကော်မရှင် ၏ပြောကြားချက်အရ သိရသည်။

“ ကုမ္ပဏီက လမ်းဘေးကားပါကင်နေရာ တည်ဆောက်ခြင်းနဲ့အဆင့်မြှင့်တင်ခြင်းတွေ လုပ်ဆောင်သွားမှာပါ။ ခရိုင်တိုင်းမှာ ကားပါကင်နေရာစီမံခန့်ခွဲဖို့ကိုယ်ပိုင်ကုမ္ပဏီတွေ တည်ထောင်နိုင်အောင် အားပေးသွားမယ်။ ပြီးတော့ အာဏာပိုင်တွေ တကယ့်ကားပါကင်ကြပ်တဲ့အချိန်မျိုးမှာ စာရင်းဇယားတွေ ( database) အချက်အလက်တွေရနိုင်အောင် ဆောင်ရွက်ပေးမယ်” ဟု ကုမ္ပဏီဥက္ကဋ္ဌ Qin Daoxin က ဆိုသည်။

ပေကျင်းမြို့တော် သယ်ယူပို့ဆောင်ရေးမြူနီစပယ်ကော်မရှင်က ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းအထိ ပေကျင်းမြို့၌ လူစီးခရီးသည်တင်ယာဉ်များအတွက် အခြား ကားပါကင်ပေါင်း ၁.၃ သန်းလိုအပ်ကြောင်း အစီရင်ခံစာထုတ်ပြန်ခဲ့သည်။

ပေကျင်းမြို့၌ ကားပါကင်နေရာ မပြည့်စုံမှု ၊ တရားမဝင် နှင့် အစီအစဉ်မရှိ ကားထားနေမှု (သို့မဟုတ်) အခွင့်မရှိကားပါကင်ရပ်နားမှုများကြောင့် ပြဿနာများ ကြုံတွေ့နေရသည်။

Beijing Capital Highway Development Group ကုမ္ပဏီ နှင့် Beijing Capital Development Holding (Group) ကုမ္ပဏီ တို့အပါအဝင် နိုင်ငံပိုင်ကုမ္ပဏီ ၄ ခု အတူတကွ စုပေါင်း၍ ငွေကြေး ၊ နည်းပညာ နှင့် စီမံခန့်ခွဲမှု ကို ပံ့ပိုးကူညီသွားရန် ကုမ္ပဏီသစ်တစ်ခုကို တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.