Connect with us

Science & Technology

C919 လေယာဉ် ပထမဆုံးအကြိမ် ခရီးဝေး စမ်းသပ် ပျံသန်း

တရုတ် နိုင်ငံထုတ် C919 လေယာဉ်အား တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ထုတ်လုပ်သော ခရီးသည်တင် လေယာဉ်ကြီး C919 သည် ယနေ့ (နိုဝင်ဘာလ ၁၀ ရက်) နံနက်ပိုင်းက ပထမဆုံးအကြိမ် ခရီးဝေး စမ်းသပ် မောင်းနှင်ခဲ့ကြောင်း သိရသည်။

လေယာဉ် ဝန်ထမ်း ငါးဦးနှင့်အတူ ထွက်ခွာခဲ့သော C919 လေယာဉ်သည် ဒေသစံတော်ချိန် နံနက် ၁၁း၃၈ နာရီအချိန်တွင် ရှန်ဟိုင်း ဖူတုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း စန်းရှီးပြည်နယ် ရှီးအန်းမြို့ရှိ ယန်လျန့် စမ်းသပ် အခြေစိုက်စခန်းသို့ ပျံသန်းခဲ့ခြင်း ဖြစ်သည်။

ယန်လျန့် အခြေစိုက်စခန်းတွင် လေယာဉ်ကို စမ်းသပ်မှုများ ထပ်မံ ပြုလုပ်သွားမည်ဟု သိရသည်။

အဆိုပါ လေယာဉ်အား ၂၀၁၆ ခုနှစ် မေလ ၅ ရက်က ပွဲဦးထွက် စမ်းသပ် ပျံသန်းခဲ့ပြီး ဒုတိယ အကြိမ်မြောက် ပျံသန်းမှုကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၈ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ လေယာဉ်အား ထုတ်လုပ်ခြင်းဖြင့် တရုတ်နိုင်ငံသည် အမေရိကန်၊ ဥရောပနှင့် ရုရှားပြီးလျှင် စတုတ္ထမြောက် အကြီးစား ခရီးသည်တင် လေယာဉ် ထုတ်လုပ်သူ ဖြစ်လာခဲ့သလို ရှန်ဟိုင်း အခြေစိုက် C919 ထုတ်လုပ်သူ ဖြစ်သော Commercial Aircraft Corporation of China- COMAC) အတွက် သမိုင်းမှတ်တိုင် တစ်ခုလည်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.