Connect with us

Science & Technology

ပေကျင်းမြို့၏ တတိယမြောက် အလိုအလျောက်မောင်းနှင်နိုင်သော မော်တော်ကားများ စမ်းသပ်မောင်းနှင်ရေးဇုန် ခွင့်ပြုချက်ရရှိ

တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ ၂၀၂၀ ကမ္ဘာ့ အသိဉာဏ်ချိတ်ဆက်ထားသောမော်တော်ယာဉ်များ ကွန်ဖရင့်တွင် ပြသထားသော အလိုအလျောက်မောင်းနှင်နိုင်သောကားတစ်စီးကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဆွမ့်ရိခရိုင်တွင် အလိုအလျောက်မောင်းနှင်နိုင်သော မော်တော်ယာဉ်များအတွက် စမ်းသပ်မောင်းနှင်ရန်နေရာတစ်ခု၏ ပထမအဆင့်သည် စမ်းသပ်မောင်းနှင်မှုများစတင်ရန် နည်းပညာလိုအပ်ချက်များ ပြည့်မီသွားပြီဖြစ်ကြောင်း သိရသည်။

ဟက်တာ ၈၀ ရှိသော စမ်းသပ်မောင်းနှင်ရန်နေရာ ဖွင့်ပွဲအခမ်းအနားကို ပေကျင်းမြို့၌ နိုဝင်ဘာ ၁၃ ရက်တွင် ကျင်းပပြီးခဲ့သည့် ၂၀၂၀ ကမ္ဘာ့ အသိဉာဏ်ချိတ်ဆက်ထားသောမော်တော်ယာဉ်များ ကွန်ဖရင့်၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တည်ဆောက်ရေးလုပ်ငန်းများလည်း စမ်းသပ်မောင်းနှင်ရန်နေရာ၏ ပထမအဆင့် ဟက်တာ ၂၀ တွင် ပြီးစီးသွားပြီဖြစ်ကာ အဝေးပြေးလမ်းမ၊ မြို့ပြနှင့် ကျေးလက် လမ်းမပတ်ဝန်းကျင်များစုပေါင်းနေရာတစ်ခုအပြင် လမ်းမအစစ်ပုံစံနှင့် smart-city မော်တော်ကားလမ်း ပေါင်းစပ်ထားသောပုံစံများလည်း ပါဝင်ကြောင်း သိရသည်။

အသိဉာဏ်ချိတ်ဆက်ထားသော မော်တော်ယာဉ်များသည် တရုတ်နိုင်ငံ မော်တော်ကားလုပ်ငန်း၏ အသွင်ကူးပြောင်းမှုနှင့် အဆင့်မြှင့်တင်မှုအတွက် ကြီးမားသော မဟာဗျူဟာအရေးပါမှု ဖြစ်ကြောင်း စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ဝန်ကြီး Xiao Yaqing က ကွန်ဖရင့်၌ ပြောကြားခဲ့သည်။
ဝန်ကြီးဌာနအနေဖြင့် စက်မှုလုပ်ငန်း၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် တီထွင်ဆန်းသစ်မှု မြှင့်တင်ရန်နှင့် မူဝါဒဝန်းကျင် တိုးတက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Xiao က မှတ်ချက်ပြုခဲ့သည်။

ကွန်ဖရင့်တွင် ဆွမ့်ရိခရိုင်သည် အသိဉာဏ်ချိတ်ဆက်ထားသော မော်တော်ယာဉ်များ တီထွင်ဆန်းသစ်မှုအတွက် သရုပ်ပြဧရိယာ ၂၀၀ စတုရန်းကီလိုမီတာ တည်ဆောက်ရန် စီစဉ်ထားကြောင်း ဆွမ့်ရိရှိ ပါတီအကြီးအကဲ ကော်ဖုန်းက ပြောကြားခဲ့သည်။

ပေကျင်းမြို့တော်၌ လက်ရှိတွင် အလိုအလျောက်မောင်းနှင်နိုင်သော မော်တော်ယာဉ်များအတွက် စမ်းသပ်မောင်းနှင်ရန် နေရာသုံးခုရှိပြီဖြစ်ပြီး နှစ်ခုမှာ ရီကျွမ့်နှင့် ဟိုင်းတျန် ခရိုင်များတွင် တည်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.