Connect with us

Science & Technology

ရှင်းကျန်းလေဆိပ်တွင် ခရီးပန်းလာသူ ခရီးသည်များ အနားယူနိုင်ရန် သီးသန့်အိပ်ရာများ ထားရှိပေး


ဝူးလူမုချီ၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှိ ဝူးလူမုချီ သိဝေါပေါင် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သီးသန့်အိပ်ရာ အခု ၅၀ ထားရှိပေးထားပြီး ခရီးသည်များ ခေတ္တအိပ်စက်နိုင်ရန် ပိုမိုသက်တောင့်သက်သာရှိသော နည်းလမ်းဖြင့် ဖြည့်ဆည်းပေးထားကြောင်း သိရသည်။

အဆိုပါ အိပ်ရာသည် ၂မီတာရှည်လျားပြီ ၁.၁မီတာ ကျယ်ဝန်းကာ ၁.၅မီတာ အမြင့်ရှိကြောင်း နှင့် အသုံးပြုသူများအနေဖြင့် အိစက်ပျော့ပျောင်းသော ဆိုဖာပေါ်တွင် လဲလျောင်းနိုင်ကာ ယင်းအိပ်ရာတွင် မိုက်ခရို ယူအက်ပီပေါက်တစ်ခု နှင့် အသံလုံနားကြပ်တစ်ခုပါရှိကြောင်း သိရသည်။

နာရီဝက် အသုံးပြုခအဖြစ် ၂၅ယွမ် (အမေရိကန်ဒေါ်လာ ၃.၆ဒေါ်လာခန့်) ကျသင့်မည်ဖြစ်ပြီး အသုံးပြုသူများသည် အများဆုံး ၂နာရီအထိ အိပ်စက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းအိပ်ရာအားအသုံးပြုရန် မိုဘိုင်းဖုန်းဖြင့် QR code ကို စကင်ဖတ်ပြီး ကျသင့်ငွေအားပေးချေရမည်ဖြစ်ကြောင်း သိရသည်။

ရှင်းကျန်းလေဆိပ်တွင် ထားရှိသော သီးသန့်အိပ်ရာများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အဆိုပါ အိပ်ရာသည် နံနက်အစောပိုင်း လေယာဉ်အကူးအပြောင်း ခရီးသည်များအတွက် သီးသန့်နားနေရာစရာတစ်ခုကို ဖန်တီးပေးကြောင်း လေဆိပ်ကပြောကြားခဲ့သည်။

ယင်းအိပ်ရာများကို ၂၀၀၉ခုနှစ်မှစ၍ တရုတ်နိုင်ငံတွင်အသုံးပြုလာကြပြီး တရုတ်နိုင်ငံရှိ မြို့များ နှင့် ဒေသအများအပြားရှိ လေဆိပ်များအကြား ရေပန်းစားလာကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.