Connect with us

Science & Technology

၂၀၃၅ခုနှစ် မတိုင်မီ လေဆိပ်အသစ် ၂၁၆ခုကို တရုတ်ထပ်မံတည်ဆောက်မည်

တရုတ်နိုင်ငံ ရှိ လေဆိပ်တစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ၂၀၃၅ခုနှစ် မတိုင်မီ လေဆိပ်အသစ် ၂၁၆ခု ကို ထပ်မံတည်ဆောက်သွားရန် ရည်ရွယ်ထားပြီး အချို့သော ဒေသတွင်း ပို့ဆောင်ရေးစုံချက်များကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ မြို့ပြလေကြောင်းဦးစီးဌာန (CAAC) က ဒီဇင်ဘာ ၁၁ရက် တွင်ပြောကြားခဲ့သည်ကို China Daily က ဖော်ပြခဲ့သည်။

အောက်တိုဘာလအကုန်တွင် တရုတ်နိုင်ငံ၌ မြို့ပြလေဆိပ် ၂၃၄ ခု ရှိခဲ့ပြီး ၂၀၃၅ခုနှစ် မတိုင်မီ လေဆိပ်စုစုပေါင်း ၄၅၀ခုဝန်းကျင်ရှိလာမည်ဟုခန့်မှန်းထားကြောင်း CAAC မှ ထုတ်ပြန်သော မြို့ပြလေကြောင်း ဖွံ့ဖြိုးတိုးတက်မှုလမ်းညွှန်ချက် အား သတင်း၌ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ၌ ခရီးသည်ပို့ဆောင်ရေးအတွက် လိုအပ်ချက်သည် ကမ္ဘာ၏ လေးပုံတစ်ပုံ ရှိပြီး ၂၀၃၅ခုနှစ် မတိုင်မီ အမေရိကန်နိုင်ငံ ထက်ကျော်လွန်သွားနိုင်ပြီး တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး လေကြောင်းခရီးသည် ပို့ဆောင်ရေးဈေးကွက်ဖြစ်လာမည်ဖြစ်ကြောင်း လမ်းညွှန်ချက်အရသိရသည်။

လမ်းညွှန်ချက်၌ ကမ္ဘာ့အဆင့်မီလေဆိပ်များကို ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသ၊ ပေကျင်း-ထျန်းကျင်း-ဟဲပေ ဒေသ၊ ကွမ်တုံ-ဟောင်ကောင်-မကာအို ပင်လယ်အော်ဧရိယာ၊ ချုံချင်း နှင့် ချန်တူမြို့ များတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ပါရှိသည်။

၂၀၁၇ခုနှစ်တွင် တရုတ်နိုင်ငံရှိ လေဆိပ်များသည် ခရီးစဉ်ပေါင်း ၅၅၂သန်းကို လုပ်ဆောင်ခဲ့ပြီး ၂၀၂၀ခုနှစ်တွင် ခရီးစဉ် ၇၂၀သန်းကျော်လွန်သွားမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.