Connect with us

Social, Education & Health

ကမ္ဘာ့ ကျန်းမာရေး ညီလာခံ၌ ပြည်သူ့ ကျန်းမာရေးဆု တရုတ် ဆရာဝန် လက်ခံရရှိ

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၌ ကျင်းပနေသည့် ၆၉ ကြိမ်မြောက် ကမ္ဘာ့ ကျန်းမာရေး ညီလာခံ၌ ပြည်သူ့ ကျန်းမာရေးဆု ရရှိသူ ဒေါက်တာ ပါလိုက်စ် မာမတ်အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဂျနီဗာ၊ မေ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်ဘက် Uyghur ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ အခြေခံ ပြည်သူ့ ကျန်းမာရေး လုပ်ငန်း များ အခြေစိုက် လုပ်ကိုင်နေသော ဒေါက်တာ ပါလိုက်စ် မာမတ် (Dr. Palize Mehmett) သည် ယူအေအီး (အာရပ်စော်ဘွားများ ပြည်ထောင် စု) ကျန်းမာရေး ဖောင်ဒေးရှင်း ဆုအား ကမ္ဘာ့ ကျန်းမာရေး ညီလာခံ၌ လက်ခံရရှိခဲ့သည်။

အဆိုပါ တရုတ် အမျိုးသမီး ဆရာဝန်မှာ နှစ်ပေါင်း ၃၀ အတွင်း နိုင်ငံနှင့် မြို့ပေါင်း ၉၇ ခုကျော်နှင့် ကျေးရွာ ပေါင်း ၃၀၀ ခန့်သို့ သွားရောက်ခဲ့ကာ အာဟာရ၊ မိခင်နို့တိုက်ကျွေးခြင်းနှင့် သန့်ရှင်းသည့် ရေ သောက်သုံးခြင်း ဆိုင်ရာ အရေးပါသော သတင်းအချက်အလက်များ ထောက်ပံ့ပေးခြင်းများ လုပ်ဆောင်ခဲ့သည်။
ထို့ပြင် စရိတ်နည်း ဖြည့်စွက် အာဟာရဆိုင်ရာ အသုံးပြု အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု ဝန်ထမ်း ထောင် ပေါင်းများစွာအား မာမတ် က လေ့ကျင့်သင်ကြားပေးခဲ့သည်။
၎င်း၏ လုပ်ဆောင်မှုများသည် လူဦးရေ ဆယ်သန်းခန့် အပေါ်သို့ ကောင်းစွာ အကျိုးသက်ရောက်မှုရှိခဲ့ကြောင်း ဆုရွေးချယ်ရေး အမှုဆောင်ဘုတ်အဖွဲ့ဝင် ဖြစ်သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထံမှ သိရသည်။
၎င်း လုပ်ဆောင်မှုများအတွက် ဂုဏ်ပြုသည့်အနေဖြင့် အမေရိကန် ဒေါ်လာ ၂၀,၀၀၀ အား ဆုအဖြစ် လက်ခံရရှိ မည် ဖြစ်သည်။
ထို့ပြင် အခြား အမျိုးသား ၃ ဦးနှင့် ကျန်းမာရေး လုပ်သား တစ်ဒါဇင်ခန့် ပါဝင်သည့် အဖွဲ့တစ်ဖွဲ့လည်း ဆုများ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.