Connect with us

Social, Education & Health

ကာလအပိုင်းအခြားမရှိ ခေတ်အဆက်ဆက်တည်ရှိခဲ့သော အပြန်အလှန်လေးစားမှုနှင့် ချစ်ခင်စောင့်ရှောက်မှု စံနမူနာကောင်းများ

ကာလအပိုင်းအခြားမရှိသည့် အပြန်အလှန်လေးစားမှု စံနမူနာပြု အစဉ်လာကောင်းတို့၏ ပုံရိပ်များ (ဆင်ဟွာ)

ဆောင်ရှင်း၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဆောင်ရှင်းမြို့ ဗဟိုဆေးရုံကြီး သီးခြားလူနာဆောင်တွင် တတ်ရောက်ဆေးကုသမှုခံယူနေသော အသက် ၃ နှစ်ရွယ်ကလေးငယ်တစ်ဦးသည် ရောဂါ သက်သာပျောက်ကင်း၍ ဖေဖော်ဝါရီ ၂၂ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့သည်။ 

ယင်းအတွက် ကလေးငယ်လေးသည် အလွန်ပျော်ရွှင်ခဲ့ရပြီး ၎င်းဆေးကုသမှုခံယူစဉ်က ပြုစုစောင့်ရှောက်ပေးခဲ့သော သူနာပြုဆရာမအား ကျေးဇူးအထူးတင်ရှိသလို လေးစားသမှုဖြင့် ဦးညွှတ်အလေးပြုကာ ဂါရဝတရားအား ဖော်ပြခဲ့သည်။ထိုသို့ အရိုအသေပြုနေပုံကို ဓာတ်ပုံဆရာတစ်ဦးက အမှတ်မထင် မှတ်တမ်းတင်နိုင်ခဲ့ရာ ယင်းဓာတ်ပုံသည် တိုက်တိုက်ဆိုင်ဆိုင်ပင် လွန်ခဲ့သော ရာစုနှစ်အစောပိုင်းက ကျဲ့ကျန်းပြည်နယ် ဟန်ကျိုး ကွမ်ကျိဆေးရုံကြီး(ယခု ကျဲ့ကျန်းတက္ကသိုလ် ဆေးကျောင်း အမှတ် ၂ ဆေးရုံကြီး)၏ ဆေးရုံအုပ်ဆရာဝန်ကြီး မေထန်ကန်းက လူနာများအား လှည့်လည်ကြည့်ရှုစဉ် ရောဂါသည်ဝေဒနာရှင် ကလေးငယ်တစ်ဦးက ဆရာဝန်ကြီးအား ကျေးဇူးတင် အရိုအသေပြုနေပုံနှင့် ထပ်တူထပ်မျှ တူညီနေသည်ကို အံ့ဩကြည်နူးဖွယ် မြင်တွေ့ခဲ့ရသည်။

အဆိုပါ ဓာတ်ပုံ နှစ်ပုံကို ကြည့်ခြင်းအားဖြင့် ခေတ်ကာလအပိုင်းအခြား မည်သို့ပင်ကြာညောင်းပြောင်းလဲလာစေကာမူ တရုတ်နိုင်ငံ၌ ကျန်းမာရေးဝန်ထမ်းများနှင့် ဝေဒနာရှင်လူနာများအကြား လေးစားမှုနှင့်ချစ်ခင်စောင့်ရှောက်မှုသည် အစဉ်အလာကောင်းများ ရှိခဲ့သည်မှာ ပေါ်လွင်ထင်ရှားနေရာ ယင်းအစဉ်လာကောင်းများကို နောင်မျိုးဆက်တိုင်းဆက်လက် ထိန်းသိမ်းသွားရန် အများကဆန္ဒပြုလျက်ရှိနေတော့သည်။ (Xinhua)