Connect with us

ASEAN

တရုတ် ကျွမ်းကျင်ပညာရှင်များက COVID-19 ကုသမှု အတွေ့အကြုံများကို ကမ္ဘောဒီးယား ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်အတူ မျှဝေ 

ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေး ဝန်ကြီး နှင့် တရုတ်နိုင်ငံ သံအမတ်တို့ မတ် ၂၃ ရက်တွင် တရုတ် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့အား လေဆိပ်၌ ကြိုဆိုမှု မြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

နန်နင်း ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဆေးရုံ တစ်ရုံသည် COVID-19 ကုသမှု အတွေ့အကြုံများအား ကမ္ဘောဒီးယား နိုင်ငံ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ နှင့် ဧပြီ ၂၀ ရက်တွင် video conference မှတဆင့် မျှဝေခဲ့ပြီး နှစ်နိုင်ငံလုံးမှ ဆေးဘက်ဆိုင်ရာ ဝန်ထမ်း ၁၅၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ 

ကွမ်ရှီး ဆေးဘက်ဆိုင်ရာ တက္ကသိုလ်၏ ပထမ တွဲဘက် ဆေးရုံမှ ဆေးပညာရှင်များက ကပ်ရောဂါ ကြိုတင်ကာကယ်ရေး နှင့် ထိန်းချုပ်ရေး အစီအမံများ အသေးစိတ်အား မိတ်ဆက်ရှင်းလင်းခဲ့ပြီး ရောဂါ အပြင်းထန်ဆုံး ဖြစ်ပွားခဲ့သော ဟူပေပြည်နယ်၌ ရှေ့တန်းတွင် COVID-19 ဆန့်ကျင်တိုက်ဖျက်ခဲ့သော ဆေးရုံမှ ကျွမ်းကျင်ပညာရှင်အဖွဲ့က ပထမဆုံး လက်တွေ့ကုသမှု အတွေ့အကြုံများအား ကမ္ဘောဒီးယား နိုင်ငံ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့အားအတွေ့အကြုံများ မျှဝေပေးခဲ့ခြင်းဖြစ်သည်။ 

ကမ္ဘောဒီးယား နိုင်ငံရှိ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများစွာမှ ပညာရှင်များကလည်း ရောဂါလက္ခဏာ မပြသော လူနာများ ကုသရမည့် နည်းလမ်းများ ၊ ရောဂါရှာဖွေမှု တိကျမှန်ကန်စေရေး နှင့် အခြားကိစ္စရပ်များတွင် တရုတ် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များထံ အကြံဉာဏ်တောင်းခံ ဆွေးနွေးတိုင်ပင်ခဲ့ကြောင်း သိရသည်။ ကွမ်ရှီး ဆေးဘက်ဆိုင်ရာ တက္ကသိုလ် ပထမ တွဲဘက် ဆေးရုံမှ ဆေးရုံအုပ် Chen Junqiang က ၎င်းဆေးရုံ အနေဖြင့် ကပ်ရောဂါ တိုက်ဖျက်ရေး အတွေ့အကြုံများကို အာဆီယံ နိုင်ငံများ နှင့်အတူ ပိုမို မျှဝေလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117