Connect with us

MYANMAR

တရုတ်နိုင်ငံက အသက်ရှူစက် ၂၀၉,၀၀၀ လုံးနှင့် နှာခေါင်းစည်း ၁၅၁ ဒသမ ၅ ဘီလီယံ တင်ပို့ခဲ့

တရုတ်နိုင်ငံမှ လှူဒါန်းသော ဆေးဘက်ဆိုင်ရာအထောက်အကူပြုပစ္စည်းများ အယ်လ်ဂျီးရီးယားနိုင်ငံ အယ်လ်ဂျီးယားမြို့သို့ ရောက်ရှိလာစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် မတ် ၁၅ ရက်မှ စက်တင်ဘာ ၆ ရက်အထိ ကာလအတွင်း အသက်ရှူစက် ၂၀၉,၀၀၀ လုံးကို တင်ပို့ခဲ့ကြောင်း သမ္မတ ရှီကျင့်ဖိန်က စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။ 

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ ကျန်းမာရေးဝန်ကြီးဌာန သိုလှောင်ရုံတွင် ကျန်းမာရေးသုံးနှာခေါင်းစည်းများ ပို့ဆောင်နေသည့် China Railway Group Limited (CREC) ဝန်ထမ်းများကို တွေ့ရစဉ် (ဆင်ဟွာ)

ထို့ပြင် အဆိုပါကာလအတွင်း နှာခေါင်းစည်းတင်ပို့မှုအနေဖြင့် အခုရေ ၁၅၁ ဒသမ ၅ ဘီလီယံရှိကြောင်း သိရသည်။ တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ COVID-19 ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးကို ထိရောက်စွာ ထောက်ပံ့လျက်ရှိကြောင်း သမ္မတ ရှီက တရုတ်နိုင်ငံ၌ COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေး စံပြလုပ်ဆောင်မှု ချီးကျူးဂုဏ်ပြုခြင်း အစည်းအဝေး၌  မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။ အဆိုပါ အစည်းအဝေးကို ယနေ့ (စက်တင်ဘာ ၈ ရက်) နံနက်ပိုင်း ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.