Connect with us

MYANMAR

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၀၂ ဦးအား ပြန်လည်ခေါ်ဆောင်

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ပြန်လာကြသည့် မြန်မာနိုင်ငံသားများအား တွေ့ရစဉ်(ဓာတ်ပုံ - MOFA)

ရန်ကန်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ) 

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၀၂ ဦးအား ပြန်လည်ခေါ်ဆောင် နိုင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန မှ စက်တင်ဘာ ၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးကိုကို က “ ကျွန်တော်တို့ဝန်ကြီးဌာန အနေနဲ့ ပြည်ပ နိုင်ငံမှာ အခက်အခဲဖြစ်နေတဲ့ ကိုယ့်နိုင်ငံသားတွေ ကို ပြန်လည်ခေါ်ဆောင်နိုင်ဖို့ သက်ဆိုင်ရာနိုင်ငံများ နဲ့ ညှိနှိုင်းပြီး ဆောင်ရွက်လျက်ရှိပါတယ်’’ ဟု ဆင်ဟွာသို့ စက်တင်ဘာ ၈ ရက်တွင် ပြောကြားသည်။ 

COVID-19 ကူးစက်ရောဂါကာလအတွင်း၌ မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် မြန်မာနိုင်ငံသားများအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့သည် ၂၀၂၀ပြည့်နှစ် သြဂုတ် ၉  ရက်တွင် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ဖြင့် (၂၁) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲ ပေးနိုင်ရေး စီစဉ်ပေးခဲ့ကြောင်း သိရသည်။ 

အဆိုပါလေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ၁၇:၀၀ နာရီအချိန်တွင် ထွက်ခွာခဲ့ပြီး ဂျာမနီနိုင်ငံမှ (၁) ဦး၊ တောင်အာဖရိကမှ (၁) ဦး၊ ဘရာဇီးလ်နိုင်ငံမှ (၂) ဦး၊ အီတလီမှ (၃) ဦး၊ ဗြိတိန်မှ (၃) ဦး၊ ဘယ်လ်ဂျီယံမှ (၃) ဦး၊ နော်ဝေမှ (၄) ဦး၊ ကနေဒါမှ (၃) ဦး၊ အင်ဒိုနီးရှားမှ (၃) ဦး၊ အမေရိကန်ပြည်ထောင်စုမှ (၁၁) ဦး နှင့် ကိုရီးယားသမ္မတနိုင်ငံမှ (၆၈) ဦး၊ မြန်မာနိုင်ငံသားစုစုပေါင်း (၁၀၂) ဦးတို့ စီးနင်းလိုက်ပါခဲ့ကြောင်း၊ ခရီးသည်များ အနေဖြင့် လေဆိပ်၌ အခက်အခဲ တစ်စုံတစ်ရာမရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးဝန်ထမ်းများက လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။  (Xinhua)