Connect with us

MYANMAR

သမ္မတရုံးဝန်ထမ်း ရှစ်ဦးတွင် ပိုးတွေ့၊အကြီးအကဲများအတွက် မစိုးရိမ်ရဟုဆို

သမ္မတအိမ်တော် သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ဦးဇော်ဌေးအား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ရေးသားသူ/ စိုးသန်းလင်း

နေပြည်တော်ရှိ သမ္မတရုံး ဝန်ထမ်း ရှစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိရပြီး အဆိုပါ ဝန်ထမ်းများသည် အကြီး အကဲများနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံရသူများ မဟုတ်သောကြောင့် အကြီးအကဲများအတွက် စိုးရိမ်စရာ မရှိကြောင်း သမ္မတအိမ်တော် ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် ၊ နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အိမ်တော် သတင်းထောက်များ facebook စာမျက်နှာတွင် ယနေ့ ညပိုင်း၌ ဖြေကြားခဲ့သည်။

“အဲဒီ ဝန်ထမ်း ရှစ်ဦးနဲ့ ထိစပ်မှု ရှိသူတွေကိုလည်း စစ်ဆေးနေပါတယ်၊ ဝန်ကြီးရုံး အပါအဝင် စုစုပေါင်း ၈၀ ဦးအထိ ဆက်ပြီး စစ်ဆေးမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဖြေကြားခဲ့သည်။

လွှတ်တော်ရုံး ဝန်ထမ်း သုံးဦးတွင် ရောဂါပိုး တွေ့ရှိရာမှ ၎င်းတို့နေထိုင်သည့် အဆောင်အား lockdown ချထားခဲ့ကြောင်း၊ ထိုအဆောင်၌ နေသည့် သမ္မတရုံး ဝန်ထမ်းတစ်ဦး အနံ့ပျောက် သည့်အတွက် သူ့အား စစ်ဆေးရာတွင် positive တွေ့ရှိရသဖြင့် တစ်ဆောင်လုံးကို ဆက်လက် စစ်ဆေးခဲ့ရာ ယခုကဲ့သို့ ရှစ်ဦး ထပ်မံ တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်းလည်း ဦးဇော်ဌေးက ရှင်းလင်း ဖြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.