Connect with us

MYANMAR

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၃) ဦးထပ်မံတွေ့ရှိ၊ စုစုပေါင်း၂၀၆ ဦးထိရှိလာ

ရန်ကုန်မြို့တွင် ကျန်းမာရေးစစ်ဆေးပေးနေမှု တစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ) 

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု ထပ်မံတွေ့ရှိသည့် လူနာသစ် (၃) ဦးရှိကြောင်း၊ စုစုပေါင်း COVID-19 ရောဂါ အတည်ပြုလူနာ ၂၀၆ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန က မေ ၂၆ ရက် ည ၈နာရီတွင် ထုတ်ပြန်ခဲ့သည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (ပထမအသုတ်) စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၅၅၉) ခု နှင့် ဆေးသုတေသနဦးစီးဌာနမှ (ပထမအသုတ်) စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၁၁၁) ခု၊ စုစုပေါင်း (၆၇၀)ခုစစ်ဆေးခဲ့ရာ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃ ဦး ကို ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ဓာတ်ခွဲအတည်ပြု လူနာဟောင်း များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၁) ဦး (Case-52) ရှိသဖြင့် (၂၆-၅-၂၀၂၀) ရက်နေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၂၄) ဦးရှိပြီဖြစ်ကြောင်း သိရသည်။

၎င်းတို့အနက် (၁၁၄) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ် နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း၊ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိကြောင်းသိရသည်။ 

မေ ၂၅ ရက် နေ့လယ် (၁၂:၀၀) နာရီမှ မေ ၂၆ ရက်  နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၆၂) ဦး ရှိကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက် တွင်ပါရှိသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.