Connect with us

MYANMAR

COVID-19 ရောဂါ အတည်ပြုလူနာ၅ ဦးထပ်မံတွေ့ရှိ၊ ဓာတ်ခွဲအတည်ပြုလူနာ ၃၂၆ ဦး အထိရှိလာ

နှာခေါင်းစည်းဖြင့် သွားလာနေသူတို့ အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံမှ ပြန်လာသူ ၃ ဦး နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လာသူ ၂ ဦး၊ စုစုပေါင်း ၅ ဦးတွင်  COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့ပြီးနောက် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၃၂၆ ဦး ထိရှိလာခဲ့ကြောင်း သိရသည်။

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၅ ဦးသည်အသွားအလာကန့်သတ်ထားရှိသူများ ဖြစ်ကြပြီး  ၎င်းတို့အနက်၃ ဦးမှာ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်၊ ဗဟန်းမြို့နယ် နှင့် တောင်ဥက္ကလာပမြို့နယ်မှ ဖြစ်ပြီး ကျန် ၂ ဦးမှာ ရန်ခိုင်ပြည်နယ် မောင်တောမြို့နယ်မှ ဖြစ်ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ  (၂) ဦး ရှိသဖြင့် ယနေ့အထိ ရောဂါပိုးကင်းစင်လာသူစုစုပေါင်း  (၂၅၆) ဦးရှိကြောင်း သိရသည်။ ၎င်းတို့အနက် (၂၄၀)ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ဇူလိုင်လ ၁၀  ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)၊ ဆေးသုတေသနဦးစီးဌာန (DMR) ၊ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay)၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) နှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) တို့မှ စုစုပေါင်းဓာတ်ခွဲနမူနာ (၁,၃၀၂)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးခဲ့ကြောင်း သိရသည်။  (Xinhua)