Connect with us

MYANMAR

မြန်မာနိုင်ငံတွင်  COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃၃၀ ဦးထိရှိလာ

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအဖြစ် နှာခေါင်းစည်းများတပ်ဆင် သွားလာစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ပြည်ပက ပြန်လာသူ၄ဦးထံမှ ယနေ့ COVID-19 ရောဂါပိုးတွေ့ရှိသဖြင့် ရောဂါ အတည်ပြုလူနာ ၃၃၀ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ရောဂါပိုးတွေ့ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့တွင် နေထိုင်သူများဖြစ်ပြီး အိန္ဒိယနှင့် အင်္ဂလန် နိုင်ငံတို့မှ ပြန်လာသူများဖြစ်ကာ အသွားအလာကန့်သတ်ထားရှိသူများဖြစ်ကြောင်း သိရသည်။

ဓာတ်ခွဲနမူနာ ၁,၀၂၈ ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ  အဆိုပါ ၄ဦးတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ (၄)ဦး (Case-271, 291, 296 နှင့် 299) ရှိသဖြင့် ယနေ့အထိရောဂါပိုးကင်းစင်လာသူ စုစုပေါင်း  (၂၆၀) ဦးရှိပြီး ၎င်းတို့အနက် (၂၄၇) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွား အလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိကြောင်း သိရသည်။  (Xinhua)