Connect with us

MYANMAR

မြန်မာနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားသူ ၄၀,၀၀၀ကျော်လာပြီး သေဆုံးသူ ၁,၀၀၀ ကျော်ထိရှိ

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအဖြစ် နှာခေါင်းစည်းများ တပ်ဆင်သွားလာစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ  ၂၂ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ယနေ့(အောက်တိုဘာ ၂၂ ရက်) ညပိုင်းတွင် COVID-19 ရောဂါဖြစ်ပွားသူ  ၄၀,၀၀၀ ကျော်လာပြီး သေဆုံးသူ ၁,၀၀၀ ကျော်ထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19  အတည်ပြုလူနာသစ် ၁,၃၁၂ ဦး တိုးလာပြီး ရောဂါဖြစ်ပွားသူ စုစုပေါင်း ၄၁,၀၀၈ ဦးထိရှိလာကြောင်းနှင့်   COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ သေဆုံးသူ ၃၃ ဦးရှိခဲ့သဖြင့် သေဆုံးသူ စုစုပေါင်း ၁,၀၀၅ ဦးထိ ရှိလာကြောင်း သိရသည်။

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအဖြစ် နှာခေါင်းစည်းများ တပ်ဆင်သွားလာစဉ်(ဆင်ဟွာ)

” ကျွန်မက အနံ့ပျောက်သလိုဖြစ်ပြီး ဆေးတွေသောက်တော့ အနံ့ပြန်ရသွားတယ်၊ ဒါပေမယ့် မကြာဘူး အမေက Positive ဖြစ်ပြီး ဆေးရုံကို တင်လိုက်ရတယ်၊ တင်ပြီး ၂ ရက်အတွင်း ဆုံးသွားတယ်၊ ကျွန်မတို့ တစ်မိသားစုလုံးခုတော့ Q ဝင်နေရတော့ အမေအတွက် ဘာတစ်ခုမှတောင် မလုပ်ပေးနိုင်ခဲ့ဘူး၊ အိမ်ကို ကျန်းကျန်းမာမာနဲ့ ကျန်တဲ့ မိသားစု ၆ယောက်လုံး အတူပြန်ချင်တယ်” ဟု ရိုးမရိပ်သာတွင် ကုသမှုခံယူနေသော လူနာအမျိုးသမီးတစ်ဦးက ဆိုသည်။

 ရောဂါပျောက်ကင်း၍ ဆေးရုံကဆင်းခွင့်ရရှိသူ ၂,၂၇၉ ဦးရှိလာသဖြင့် ဆေးရုံကဆင်းခွင့်ရသူ စုစုပေါင်း ၂၁,၁၄၄ ဦးထိရှိလာကြောင်း သိရသည်။

 COVID-19 ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၃,၇၇၄ ခုအား အောက်တိုဘာ ၂၁ ရက် ည ၈ နာရီမှ အောက်တိုဘာ ၂၂ ရက်ည ၈ နာရီအတွင်း စစ်ဆေးပြီးစီးခဲ့ပြီး မြန်မာနိုင်ငံ၌ ယခုအချိန်ထိ COVID-19 ဓာတ်ခွဲနမူနာ စုစုပေါင်း ၅၆၆,၂၂၂ခု စစ်ဆေးပြီးစီခဲ့သည်။

COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိမှုနှုန်းသည် အောက်တိုဘာ ၂၀ ရက်တွင် ၈ ဒသမ ၅ ရာခိုင်နှုန်း ရှိပြီး အောက်တိုဘာ ၂၁ ရက်တွင် ၈ ဒသမ ၃ ရာခိုင်နှုန်း ရှိလာကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။  (Xinhua)