Connect with us

MYANMAR

COVID-19 အတည်ပြုလူနာသစ် (၁,၃၆၁) ဦးတွေ့ရှိ၊ ယနေ့အထိ အတည်ပြုလူနာစုစုပေါင်း (၄၂,၃၆၅)ဦးအထိရှိလာ

နှာခေါင်းစည်းဖြင့်သွားလာနေကြသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

COVID-19 အတည်ပြုလူနာသစ် (၁,၃၆၁) ဦးအားတွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံတွင် အတည်ပြုလူနာစုစုပေါင်း(၄၂,၃၆၅) ဦးရှိလာပြီဖြစ်ကာ လူနာ(၃၃)ဦးထပ်မံသေဆုံးခဲ့ကြောင်း၊ ယနေ့အထိ သေဆုံးသူ စုစုပေါင်း (၁,၀၃၈) ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ အောက်တိုဘာ ၂၃ ရက်ညပိုင်းတွင် ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက်ဆေးရုံဆင်းခွင့်ရရှိသူ (၁,၃၀၁)ဦး ရှိခဲ့သဖြင့် ယခုထိ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၂၂,၄၅၄)ဦး ရှိလာခဲ့ကြောင်း သိရသည်။လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း (၁၃,၆၉၉) ခု အားစစ်ဆေးခဲ့ပြီး ယနေ့အထိစုစုပေါင်း(၅၇၉,၉၂၁) ခုအားစစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယနေ့သေဆုံးသူ(၃၃)ဦးအနက် ရောဂါအခံရှိသူ (၂၆)ဦးပါဝင်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အသွားအလာကန့်သတ်ထားရှိရာ နေရာများမှ ဓာတ်ခွဲအတည်ပြုလူနာများ နှင့် အနီးကပ်ထိတွေ့ခဲ့သူများအနက် Negative အဖြေထွက်ရှိခဲ့သူ (၁,၇၁၇) ဦးအား ၎င်းတို့နေအိမ် များတွင် အသွားအလာကန့်သတ်ထားရှိ၍ ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်ယမန်နေ့ကပိုးတွေ့ရှိသူ(၁,၃၀၈)ဦးရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးမှ (၁,၀၅၆) ဦးဖြင့် အများဆုံးတွေ့ရှိခဲ့ကာ၊မန္တလေးတိုင်းဒေသကြီးမှ (၃၈)ဦး၊ရခိုင်ပြည်နယ်မှ(၄၄)ဦး၊ပဲခူးတိုင်းဒေသ ကြီးမှ(၁၁၂)ဦး၊ဧရာဝတီတိုင်းဒေသကြီးမှ (၂၂)ဦး၊ မွန်ပြည်နယ်မှ(၆)ဦး၊မကွေးတိုင်းဒေသကြီးမှ(၅)ဦး၊စစ်ကိုင်း တိုင်းဒေသကြီးမှ(၈)ဦး၊တနင်္သာရီတိုင်းဒေသကြီးမှ(၁၂)ဦး၊ကရင်ပြည်နယ်မှ(၂)ဦး၊ချင်းပြည်နယ်မှ(၁)ဦး၊ကချင်ပြည်နယ်မှ(၁) ဦးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ(၁) ဦး တွေ့ရှိခဲ့ကြောင်းသိရသည်။

အောက်တိုဘာ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သောဓာတ်ခွဲအတည်ပြုလူနာ (၁,၃၀၈)ဦးတွင် အနံ့မရရှိသူ (၁၀၁) ဦးပါရှိကြောင်း သိရသည်။ (Xinhua)