Connect with us

MYANMAR

ဇန်နဝါရီ ၁ ရက်တွင် COVID-19 အတည်ပြုလူနာ ၄၁၂ ဦး တွေ့ရှိခဲ့ပြီး ပိုးတွေ့ရှိမှုရာခိုင်နှုန်း ၂ ဒဿမ ၆ ရာခိုင်နှုန်းအထိ စံချိန်သစ်တင် ကျဆင်း

နှာခေါင်းစည်းဖြင့် သွားလာနေကြသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် COVID-19 အတည်ပြုလူနာသစ် ၄၁၂ ဦး တွေ့ရှိခဲ့ပြီး ပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ ၂ ဒဿမ ၆ ရာခိုင်နှုန်းအထိ စံချိန်သစ်တင် ကျဆင်းခဲ့ကြောင်း၊ COVID-19 ဒုတိယလှိုင်းနှင့်ပတ်သက်၍ အကောင်းဘက်သို့ ဦးတည်နေကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး က ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။

COVID-19 ရောဂါတွေ့ရှိမှုရာခိုင်နှုန်းမှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၃ ရက်တွင် ၄ ဒဿမ ၀ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၂၄ ရက် တွင် ၄ ဒဿမ ၃ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၂၅ ရက်တွင် ၃ ဒဿမ ၉ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၂၆ ရက်တွင် ၃ ဒဿမ ၆ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၂၇ ရက်တွင် ၃ ဒဿမ ၇ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၂၈ ရက်တွင် ၃ ဒဿမ ၄ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၂၉ ရက်တွင် ၃ဒဿမ ၄ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၃၀ ရက်တွင် ၃ ဒဿမ ၅ ရာခိုင်နှုန်း၊ ဒီဇင်ဘာ ၃၁ ရက်တွင် ၃ ဒဿမ ၇ ရာခိုင်နှုန်း တွေ့ရှိခဲ့ပြီး ယနေ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ၂ ဒဿမ ၆ ရာခိုင်နှုန်း ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

“ဒီပိုးတွေ့ရှိမှုရာခိုင်နှုန်းက ၃ ရာခိုင်နှုန်းကျော်နဲ့ ၄ ရာခိုင်နှုန်းကျော်ကြားရှိနေရာက ၁၀ ရက်အတွင်း ပထမဆုံး ၂ ရာခိုင်နှုန်းကျော်ကို ကျဆင်းလာခဲ့တာဖြစ်ပါတယ်။ ဒါကကျွန်တော်တို့ နိုင်ငံအတွက် အကောင်းဘက်ကို ဦးတည်ပါတယ်။ ဓာတ်ခွဲစစ်ဆေးတဲ့နမူနာလည်းလျော့မသွားဘူး။ ဓာတ်ခွဲစစ်ဆေးတာ ပုံမှန်အတိုင်းစစ်ပြီး တွေ့ရှိမှု ရာခိုင်နှုန်း ကျဆင်းတာဖြစ်လို့ ဒါကတကယ့်ကို ပိုးတွေ့ရှိမှု ကျဆင်းတဲ့အတွက် ဝမ်းသာစရာကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် ပြည်သူတွေအနေနဲ့ မပေ့ါဆဘဲ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေကို တိတိကျကျ လိုက်နာဆောင်ရွက်ဖို့တော့လိုပါတယ်’’ ဟု၎င်းကဖြည့်စွက်ပြောကြားသည်။

ဇန်နဝါရီ ၁ ရက်တွင် သေဆုံးလူနာ ၁၅ ဦးရှိပြီး ယနေ့အထိ သေဆုံးလူနာစုစုပေါင်း ၂၆၉၇ ဦးရှိပြီဖြစ်ကြောင်း သိရသည်။ ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၁၂၅,၀၄၂ ဦးရှိပြီဖြစ်ကာ လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၅,၇၃၅ ခု စစ်ဆေးခဲ့ပြီး ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၁,၈၃၃,၉၉၅ ခုစစ်ဆေးခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့ဆေးရုံဆင်းခွင့်ရရှိသူ ၇၀၈ ဦးရှိပြီး ယနေ့ အထိဆေးရုံဆင်းခွင့်ရရှိသူစုစုပေါင်း ၁၀၇,၇၇၇ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

 

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117