Connect with us

MYANMAR

ယူနန်ပြည်နယ် ရွှေလီမြို့ရှိ နေရာ ၇ ခုတွင် COVID-19 အန္တရာယ်အဆင့် လျှော့ချ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ရွှေလီမြို့ရှိ လမ်းမတစ်ခုတွင် ပိုးသတ်ဆေးဖြန်းနေသူတစ်ဦးအား ဧပြီ ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကူမင်း ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ နယ်စပ်မြို့ဖြစ်သည့် ရွှေလီမြို့၌ COVID-19 ကူးစက်မှုအန္တရာယ် အမြင့်ဆုံး သို့မဟုတ် အလယ်အလတ် အဆင့်ရှိသောနေရာများ၏ အရေအတွက်မှာ လျော့နည်းလာခဲ့ကြောင်း ဧပြီ ၂၄ ရက်တွင် သိရသည်။

ဧပြီ ၂၄ ရက် ည ၇ နာရီမှ စတင်၍ Xianke လမ်းကြားနှင့် Guangming လမ်းကြားတို့တွင် နေထိုင်သူများ၏ COVID-19 ရောဂါအန္တရာယ်အဆင့်အား အမြင့်ဆုံးမှ အလယ်အလတ်အဆင့်သို့ လျှော့ချခဲ့သည်။ တာဝန်ရှိသူများက အခြားနေရာခြောက်ခုတွင်လည်း COVID-19 ကူးစက်မှု အန္တရာယ်အဆင့်ကို အလယ်အလတ်အဆင့်မှ အနိမ့်ဆုံးအဆင့်သို့ လျှော့ချရန် ဆုံးဖြတ်ခဲ့ကြောင်း ရွှေလီမြို့၏ ကပ်ရောဂါကြိုတင်ကာကွယ်ရေး နှင့် ထိန်းချုပ်ရေး ဌာနချုပ်ထံမှ သိရသည်။

ရွှေလီမြို့၌ မတ် ၃၀ ရက်မှ စတင်ကာ မြို့တွင်း၌ COVID-19 ကူးစက်မှုများစွာ ဖြစ်ပေါ်ခဲ့ပြီး ဒေသတွင်း တာဝန်ရှိသူများက ဗိုင်းရပ်စ်ရောဂါ ပြန့်နှံ့မှုကို ထိန်းချုပ်ရန် မြို့လုံးကျွတ် COVID-19 စစ်ဆေးမှုများအား အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဧပြီ ၂၃ ရက်အထိ ပြည်ပမှ ဝင်ရောက်သူ ၁၀ ဦးနှင့် ရောဂါလက္ခဏာမပြသူ ၁၂ ဦး အပါအဝင် အတည်ပြုလူနာ ၅၈ ဦးအား ပြည်နယ်အတွင်းရှိ သတ်မှတ်ထားသော ဆေးရုံများ၌ ကုသမှု သို့မဟုတ် ဆေးဘက်ဆိုင်ရာ စောင့်ကြည့် လေ့လာမှုများ ပြုလုပ်ထားကြောင်း သိရသည်။ (Xinhua)