Connect with us

MYANMAR

အမေရိကန်နိုင်ငံ၌ COVID-19 ဖြင့်သေဆုံးသူ ၃ ထောင်ကျော်ထိ ရှိလာကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်ပြော

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ COVID-19 လူနာတစ်ဦးအား သယ်ဆောင်လာစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မတ် ၃၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ၌ COVID-19 ရောဂါဖြင့် သေဆုံးသူ အမြင့်ဆုံးအရေအတွက် ၃,၀၀၀ ဦးထိရောက်ရှိသွားပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ သိပ္ပံနှင့်အင်ဂျင်နီယာဌာန (CSSE)မှ နောက်ဆုံးထုတ်ပြန်သော အချက်အလက်အရ သိရသည်။ 

မတ် ၃၀ ရက် အရှေ့ပိုင်းစံတော်ချိန် ည ၉ နာရီ ၃၀ မိနစ်ထုတ်ပြန်ချက်အရ အမေရိကန်နိုင်ငံတွင် အတည်ပြုလူနာ ၁၆၃,၀၀၀ ဦးရှိပြီး သေဆုံးသူ ၃,၀၀၈ ဦးရှိကြောင်း CSSE ၏ လှုပ်ရှားနေသော ကိန်းဂဏန်းဖော်ပြချက်အရ သိရသည်။

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်၌ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ကားဖြင့် သွားလာနေသူများကို COVID-19 ဆိုင်ရာ မေးမြန်းနေစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကူးစက်ခံရမှု နှင့် လူသေဆုံးမှု အများဆုံး ဖြစ်ပေါ်လျက်ရှိကြောင်း ၊ ယင်းမြို့တွင် ကူးစက်ခံရသူ ၆၇,၀၀၀ ဦးနှင့်သေဆုံးသူ ၁,၂၀၀ ဦးအသီးသီးရှိကြောင်း နောက်ဆုံးထုတ်ပြန်ချက်အရသိရသည်။တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ရောဂါကူးစက်ခံရသူ ၇၈၄,၀၀၀ ဦးကျော်ရှိကြောင်း ၊ သေဆုံးသူ ၃၇,၆၃၈ ဦးရှိကြောင်း နှင့် ရောဂါပြန်လည်သက်သာပျောက်ကင်းသူ ၁၆၅,၀၀၀ ဦးအသီးသီးရှိကြောင်း သတင်းထုတ်ပြန်ချက် အရသိရသည်။(Xinhua)