Connect with us

MYANMAR

COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး အွန်လိုင်း ဟောပြောပွဲတွင် ပါဝင်ရန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ICBC ရန်ကုန် ဘဏ်ခွဲတို့မှ ဖိတ်ခေါ်လျက်ရှိ

ကူမင်းတက္ကသိုလ် အမှတ် ၁ဆေးရုံအုပ်ကြီး ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင် ဝမ်ခွန်းဟွာအား တွေ့ရစဉ်(အင်တာနက်)

ရန်ကုန်၊ မတ် ၃၁ ရက်(ဆင်ဟွာ)

 တရုတ်နိုင်ငံ၏ ICBC ရန်ကုန်ဘဏ်ခွဲမှ မတ် ၃၁ရက် မွန်းလွဲ ၁၃:၃၀ နာရီတွင် ကျင်းပမည့် ICBCYANGON  ဝီချက် အွန်လိုင်းမှတစ်ဆင့် COVID-19ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး အွန်လိုင်း ဟောပြောပွဲတွင် မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီလုပ်ငန်းများ၏ဝန်ထမ်းများ၊ တရုတ်ပညာတော်သင်များနှင့် လူမှုအသိုက်အဝန်းနယ်ပယ်အသီးသီးမှ တရုတ်အမျိုးသားများ ပါဝင်တက်ရောက်ရန်မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးနှင့် ICBC ရန်ကုန်ဘဏ်ခွဲတို့ မှ ဖိတ်ခေါ်လျက်ရှိကြောင်းသိရသည်။

ယခုရက်ပိုင်းများအတွင်း မြန်မာနိုင်ငံ၌ COVID-19ရောဂါအတည်ပြုလူနာများတွေ့ရှိခဲ့ရာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများမှာ နေ့စဉ်နှင့်အမျှအရေးတကြီးလိုအပ်လာသဖြင့် ရောဂါဘေးအန္တရာယ်ကို ရင်ဆိုင်ရာတွင် ဗိုင်းရပ်စ်ပိုးမွှား၏သဘောသဘာဝ၊ကူးစက်ပြန့်ပွါးပုံကို သိရှိစေရန်နှင့် ကြိုတင်ကာကွယ်ရန် နည်းလမ်းများသည် ရောဂါကာကွယ်ထိန်းချုပ်ရေး၏ အရေးကြီးကိစ္စရပ်ဖြစ်ကြောင်း သိရသည်။

ကူမင်းတက္ကသိုလ် အမှတ် ၁ဆေးရုံအုပ်ကြီး ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင် ဝမ်ခွန်းဟွာအား တွေ့ရစဉ်(အင်တာနက်)

ICBC ရန်ကုန်ဘဏ်ခွဲ၏ QR ကုတ်နံပါတ် အားတွေ့ရစဉ်(အင်တာနက် )

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးနှင့် တရုတ်နိုင်ငံ ICBCရန်ကုန် ဘဏ်ခွဲ တို့မှ ပူးပေါင်း၍ ကူမင်းဆေးတက္ကသိုလ် အမှတ် ၁ ဆေးရုံးအုပ်ကြီး ပါမောက္ခ ဝမ်ခွန်းဟွာအား ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး အွန်လိုင်း ဟောပြောပွဲ ပြုလုပ်ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ပါမောက္ခ ဝမ်သည် တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန့်မြို့၏ ရောဂါတိုက်ဖျက်ရေးတွင် ပါဝင်ဆောင်ရွက်ဖူးရာ ရောဂါကာကွယ်ကုသရေးဆိုင်ရာ အတွေ့အကြုံပြည့်စုံသည့် ဆေးဘက်ဆိုင်ရာပညာရှင်တစ်ဦးဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.