Connect with us

MYANMAR

တရုတ်နိုင်ငံ၌ COVID-19 လူနာ ၈၉ ဦး ထပ်မံ ဆေးရုံဆင်းခွင့်ရ ၊ စုစုပေါင်း ၇၇,၁၆၇ ဦးထိ ရှိလာ

တရုတ်နိုင်ငံ၌ COVID-19 ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူများနှင့် ကျန်းမာရေးဝန်ထမ်းများ အပြန်အလှန် နှုတ်ဆက်နေကြစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဧပြီ ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံပြည်မကြီး၌ ဧပြီ ၆ ရက်တွင် နောက်ထပ်  ကိုရိုနာဗိုင်းရပ်စ် COVID-19 လူနာ ၈၉ ဦး ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံအသီးသီးမှ ထပ်မံဆင်းခွင့်ရရှိခဲ့ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်၏ ထုတ်ပြန်ချက် အရ သိရသည်။

တရုတ်နိုင်ငံ၌ COVID-19 ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူများနှင့် ကျန်းမာရေးဝန်ထမ်းများ အပြန်အလှန် နှုတ်ဆက်နေကြစဉ်(ဆင်ဟွာ)

ဧပြီ ၆ ရက် ညနေပိုင်းအထိ တရုတ်နိုင်ငံတစ်ဝန်းလုံးတွင် ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူပေါင်း ၇၇,၁၆၇ ဦးထိ ရှိသွားပြီဖြစ်ကြောင်း ယနေ့ ဧပြီ ၇ ရက်တွင် ထုတ်ပြန်သည့် ကော်မရှင်၏ နေ့စဉ်အစီခံစာတွင် ဖော်ပြထားသည်။တရုတ်နိုင်ငံ ပြည်မကြီးတွင် ဧပြီ ၆ ရက်အထိ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၈၁,၇၄၀ ဦးရှိပြီး ရောဂါကြောင့် သေဆုံးသူ ၃,၃၃၁ ဦးရှိခဲ့ကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.