Connect with us

MYANMAR

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၉၈ ဦးထိ ရှိလာ

ရန်ကုန်မြို့၌ ကိုယ်ပူချိန်တိုင်းတာ စစ်ဆေးမှု တစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုး ဓာတ်ခွဲစစ်ဆေးမှုများအရ ဓာတ်ခွဲအတည်ပြုလူနာ  ၄ဦးထပ်မံတိုးလာသဖြင့် ရောဂါပိုးရှိသူ ၉၈ဦးထိ ရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ ဧပြီ ၁၈ ရက် ည ၉ နာရီ၌  ထုတ်ပြန်သော သတင်းအရ သိရသည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ ဧပြီ ၁၈ ရက်၌ ပထမအသုတ်နှင့် ဒုတိယသုတ်စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာများအနက် (၄) ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိရပြီး ကျန်လူနာများတွင် COVID-19 ရောဂါပိုးမတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါလူနာ (၄) ဦးကို သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်း၍ သီးခြားထားရှိကုသမှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာ (၉၈) ဦးအနက် (၅) ဦးမှာသေဆုံးခဲ့ပြီး (၂) ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝေဘာဂီအထူးကုဆေးရုံကြီး၊ အထူးကြပ်မတ်ကုသဆောင်တွင် လူနာ (၃) ဦးအား ကုသမှုပေးလျက်ရှိပြီး ကျန်လူနာများ၏ အခြေအနေသည် တည်ငြိမ်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117