Connect with us

MYANMAR

ရန်ကုန်တိုင်းဒေသကြီး Stay at Home ကာလအတွင်း QR Pass ရယူရန် မလိုအပ်ဘဲ ဝန်ထမ်းကဒ်ဖြင့် လုပ်ငန်းခွင်သို့ သွားရောက်နိုင်သည့် လုပ်ငန်းများအား ထုတ်ပြန်

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်သွားလာသူတစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး Stay at Home ကာလအတွင်း QR Pass ရယူရန် မလိုအပ်ဘဲ သက်ဆိုင်ရာ ကုမ္ပဏီ၊ လုပ်ငန်းများ၏ ဝန်ထမ်းကဒ်ဖြင့် လုပ်ငန်းခွင်သို့သွားရောက်နိုင်သည့် လုပ်ငန်းများအား မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများ အသင်းချုပ်(UMFCCI)မှ ထုတ်ပြန်ခဲ့သည်။ 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ဖွင့်လှစ်ခွင့်ရသော လုပ်ငန်းများအနက်မှ  ဘဏ်လုပ်ငန်းများ ၊ ပုဂ္ဂလိကဆေးရုံများ ၊ Supermarket များ ၊ စက်သုံးဆီအရောင်းဆိုင်များ နှင့် သီလဝါအထူးစီးပွားရေးဇုန်ရှိ လုပ်ငန်းများရှိ ဝန်ထမ်းများ၊ လုပ်သားများအနေဖြင့် QR Pass ပြုလုပ်ရန် မလိုအပ်ပဲ သက်ဆိုင်ရာ ကုမ္ပဏီ၊ လုပ်ငန်းများ၏ ဝန်ထမ်းကဒ်ဖြင့် လုပ်ငန်းခွင်သို့သွားရောက်နိုင်ကြောင်း စက်တင်ဘာ ၂၈ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ 

ရန်ကုန်တိုင်းဒေသကြီး Stay at Home ကာလ ရက်သတ္တပတ်နှစ်ပတ်အတွင်း ဖွင့်လှစ်ရန် ခွင့်ပြုထားသော စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီ၊ လုပ်ငန်းများသည် လုပ်ငန်းလည်ပတ်ရာတွင် Online မှတဆင့် မှတ်ပုံတင်၍ ဝန်ထမ်းများ၊ လုပ်သားများအတွက် QR Pass ထုတ်ထားရန် လိုအပ်မည်ဖြစ်ကြောင်း စက်တင်ဘာ ၂၄ ရက်တွင် အသိပေးကြေညာခဲ့သည်။ 

ခွင့်ပြုထားသောလုပ်ငန်းများ QR Pass ရယူနိုင်ရန် https://QRpass.SawSawShar.gov.mm သို့ ဝင်ရောက်၍ မှတ်ပုံတင်ရမည် ဖြစ်ပြီး ပြည်သူများအနေဖြင့် မဖြစ်မနေဈေးဝယ်ယူခြင်း၊ ဆေးရုံဆေးခန်းများသို့ သွားရောက်ခြင်းတို့ အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များအတိုင်း လိုက်နာရမည်ဖြစ်ပြီး ယခု QR Pass အစီအစဉ်တွင် အကျုံးမဝင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.