Connect with us

WORLD

ဂျပန်နိုင်ငံက လာမည့်လတွင် တရုတ်နိုင်ငံအပါအဝင် နိုင်ငံနှင့် ဒေသ ၁၁ ခုအတွက် ခရီးသွားကန့်သတ်ချက်များ ဖြေလျှော့မည်

ဂျပန်နိုင်ငံ နာဂိုရာမြို့ရှိ လမ်းပေါ်တွင် နှာခေါင်းစည်းတပ်ဆင်ကာ သွားလာနေသူများကို တွေ့ရစဉ် (Kyodo News/Handout via Xinhua)

တိုကျို၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံသည် လာမည့်လတွင် တရုတ်နိုင်ငံ အပါအဝင် နိုင်ငံနှင့် ဒေသ ၁၁ ခုအတွက် ခရီးသွားကန့်သတ်ချက်များကို ဖြေလျှော့ပေးရန် စီစဉ်ထားကြောင်း ဒေသတွင်းမီဒီယာက အောက်တိုဘာ ၈ ရက်၌ သတင်းဖော်ပြခဲ့သည်။

Yomiuri Shimbun သတင်းစာဖော်ပြချက်အရ အဆိုပါ အစီအစဉ်တွင် ဩစတြေးလျ၊ နယူးဇီလန်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ မလေးရှားနှင့် တရုတ်နိုင်ငံ ထိုင်ဝမ် အပါအဝင် နိုင်ငံနှင့် ဒေသ ၁၁ ခု ပါဝင်ကြောင်း သိရသည်။ခရီးသွားများအနေဖြင့် မလိုအပ်သောခရီးများကို သွားရောက်ခြင်းမပြုကြရန်နှင့် အရေးကြီးကိစ္စမဟုတ်ပါက ခရီးသွားလည်ပတ်ခြင်းများကို ရှောင်ရှားကြရန် အစိုးရက တိုက်တွန်းထားကြောင်း သတင်းစာက ဖော်ပြထားသည်။

ဂျပန်နိုင်ငံနှင့် ဩစတြေးလျနိုင်ငံတို့သည် COVID-19 (နိုဗယ် ကိုရိုနာဗိုင်းရပ်စ်) ကြောင့် သတ်မှတ်ထားသော ခရီးသွားကန့်သတ်ချက်များကို နှစ်နိုင်ငံလုံးဖြေလျှော့ရေး နောက်ထပ်ဆွေးနွေးမှုများ မြှင့်တင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံကြား အောက်တိုဘာ ၈ ရက်တွင် စီးပွားရေးအရ ခရီးသွားလာမှု ပြန်လည်စတင်မည့်အကြောင်း ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက မကြာသေးမီက အတည်ပြုပြောကြားခဲ့သည်။

နှစ်နိုင်ငံအနေဖြင့် တိုကျိုမြို့နှင့် ဆိုးလ်မြို့ကြား နှစ်နိုင်ငံ ခရီးသွားလာမှု ပြန်လည်စတင်ရေး သဘောတူညီချက်အရ ကာလတို စီးပွားရေးလုပ်ငန်းခရီးသွားလာမည့် ခရီးသွားများအနေဖြင့် COVID-19 ရောဂါစစ်ဆေးမှုတွင် ရောဂါမရှိဘူးဆိုပါက သီးခြားခွဲနေထိုင်ရန်နှင့် သက်ဆိုင်ရာအာဏာပိုင်များထံ ခရီးစဉ်များကို တင်ပြရန် လိုအပ်မည်မဟုတ်ကြောင်း သိရသည်။
တစ်ချိန်တည်းမှာပင် သဘောတူညီချက်အရ တရားခံလွှဲပြောင်းမှုများနှင့် ကာလရှည်နေထိုင်သူများအနေဖြင့် ၁၄ ရက် သီးခြားအသွားအလာကန့်သတ်မှု ပြုလုပ်ရမည်ဖြစ်သည်။
ဂျပန်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့ကြားတွင်လည်း အလားတူ သဘောတူစာချုပ်အတိုင်းပင်ဖြစ်ကြောင်း သိရသည်။ဂျပန်နိုင်ငံသည် ခရီးသွားဧည့် ဝင်ရောက်မှုများကို ငြင်းပယ်ထားဆဲဖြစ်သော်လည်း ကမ္ဘာတစ်ဝန်းမှာ နိုင်ငံခြားသားများ ဝင်ရောက်မှုကန့်သတ်ချက်များကို အောက်တိုဘာ ၁ ရက်က ဖြေလျှော့ပေးခဲ့ကြောင်း သိရသည်။
သင့်လျော်သော ခရီးသွားများအနေဖြင့် ဂျပန်နိုင်ငံသို့ မဝင်ရောက်မီနှင့် ဂျပန်နိုင်ငံသို့ ရောက်ရှိချိန်တွင် COVID-19 ရောဂါမရှိကြောင်း စစ်ဆေးမှုရလဒ်ရှိရမည် ဖြစ်ပြီး ၎င်းတို့ကို ထောက်ခံပေးသည့် ကုမ္ပဏီများ သို့မဟုတ် အဖွဲ့အစည်းများစသည့် ထောက်ပံ့ပေးသူများက ၎င်းတို့ကို ၁၄ ရက်ကြာ သီးသန့်ခွဲခြားနေထိုင်ရေးအတွက် အာမခံပေးရမည်ဖြစ်ပြီး ၎င်းတို့ကို အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးကို အသုံးပြုခွင့်ရမည်မဟုတ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံ အစိုးရအနေဖြင့် တစ်ရက်လျှင် နိုင်ငံအတွင်းသို့ နိုင်ငံခြားသား ဦးရေ ၁,၀၀၀ ဝင်ရောက်ခွင့်ပြုရန် စဉ်းစားလျက်ရှိပြီး အချိန်ကာလ သုံးလ သို့မဟုတ် ယင်းထက်ကြာမြင့်စွာနေထိုင်ရန် ရည်ရွယ်သူများကို အဓိကထည့်သွင်းစဉ်းစားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံတွင် နေထိုင်ခွင့်ရထားပြီး လတ်တလော ပြည်ပတွင် ရောက်ရှိနေသည့် နိုင်ငံခြားသားများအနေဖြင့် ပြန်လည်ဝင်ခွင့်ရမည်ဖြစ်ပြီး ပြည်ပမှလွှဲပြောင်းပေးမည့်သူများနှင့် အာရှနိုင်ငံအချို့မှ ကာလရှည်နေထိုင်မည့်သူများကိုလည်း နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့် အာမခံထားကြောင်း သိရသည်။

အဆိုပါ သတ်မှတ်ချက်တွင် ဗီယက်နမ်၊ ထိုင်းနှင့် အပြန်အလှန်သဘောတူညီမှု ရှိထားသည့် အခြားသောနိုင်ငံများမှ လူပုဂ္ဂိုလ်များ ပါဝင်သည်။ဂျပန်နိုင်ငံ အစိုးရသည် စင်ကာပူနိုင်ငံ၊ ဘရူနိုင်းနိုင်ငံတို့နှင့် အလားတူ အပြန်အလှန်သဘောတူစာချုပ်များကို မကြာသေးမီက ချုပ်ဆိုခဲ့ကြောင်း သိရသည်။လက်ရှိတွင် နိုင်ငံနှင့် ဒေသ ၁၅၉ ခုမှလူများကို ပြည်ဝင်ခွင့် ငြင်းပယ်ထားသော်လည်း ဂျပန်အနေဖြင့် ပြည်ဝင်ခွင့်ကန့်သတ်ချက်များကို တည်ငြိမ်စွာ ဖြေလျှော့ပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)