Connect with us

WORLD

နိုင်ငံတကာ ပညာရှင် အဖွဲ့ဖွဲ့စည်း၍ အတူတကွ COVID-19 ရောဂါ ပိုး အရင်းအမြစ် ပူးပေါင်း ရှာဖွေသွားမည် ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ပြောကြား

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ရုံးချုပ်၌ သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြုလုပ်နေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အရာ ရှိ က WHO အနေဖြင့် တရုတ် နိုင်ငံ ပညာရှင်များ အပါအဝင် နိုင်ငံတကာ ပညာရှင် များပါဝင်သော အဖွဲ့ တစ်ခုကို ဖွဲ့စည်းသွားမည် ဖြစ်ပြီး အတူတကွ COVID-19 ရောဂါ ပိုး၏ မူလ အရင်းအမြစ် ကို ရှာဖွေသွားမည် ဖြစ်ကြောင်း သြဂုတ် ၃ ရက် ၌ ပြောကြား ခဲ့သည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရီအီးစက်စ် (Tedros Adhanom Ghebreyesus) က သတင်းစာရှင်းလင်းပွဲတွင် ရောဂါပိုးအရင်းအမြစ် နှင့် ပတ်သက်၍ တရုတ် နိုင်ငံ သို့ စေလွတ်ခဲ့သည့် ရှေ့ပြေးအဖွဲ့ က ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်း အားလုံး ဆောင်ရွက်ပြီးစီး ခဲ့ပြီးဖြစ်သောကြောင့် ယင်းအပေါ် အခြေခံ၍ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အနေဖြင့် တရုတ် နိုင်ငံပညာရှင်များ အပါအဝင် နိုင်ငံတကာ ပညာရှင် အဖွဲ့ဖွဲ့စည်း ၍ သက်ဆိုင်ရာ သုတေသနများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အရေးပေါ် စီမံကိန်း တာဝန်ခံ က သတင်းစာ ရှင်းလင်းပွဲ တွင် COVID-19 ရောဂါ နှင့် ပတ်သက်၍ ကျယ်ပြန့်စွာ နောက်ကြောင်းခံ ကူးစက်ရောဂါ သုတေသန ဆောင်ရွက်သွားပြီး ရောဂါ ကူးစက်မှု အကြား ဆက်နွယ်မှု ကို အပြည့်အဝ နားလည်နိုင်အောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ သုတေသန လုပ်ငန်း ကို ပထမ ဦးစွာ အစုလိုက် ကူးစက်မှု ဖြစ်ပွားသည့် နေရာ မှ စတင်ပြီး တိရစ္ဆာန် မှ လူသားသို့ စနစ်တကျ ကူးစက်စေသည့် အတားအဆီး ကို ကျော်ဖြတ်သွားနိုင်သည့် အချက် အား ဦးစွာ ရှာဖွေပြီး မှ ရောဂါဖြစ်စေသော တိရစ္ဆာန် အရင်းအမြစ် ကို ရှာဖွေသွားရမည် ဖြစ်ကြောင်း ၊ ဝူဟန့်မြို့ သည် COVID-19 ရောဂါ စတင်တွေ့ရှိကြောင်း တင်ပြ ခဲ့သော်လည်း ယင်းက ရောဂါပိုးစတင်သည့် နေရာ ဖြစ်သည် ဟု မသတ်မှတ် နိုင်ကြောင်း ၊ အချက်အလက် နှင့် သက်သေအထောက်အထားများ ပိုမို စုဆောင်းပြီး ရောဂါပိုး သည် မည်သည့် နေရာ တွင် တိရစ္ဆာန် နှင့် လူအကြား အတားအဆီး အား ဖြတ်ကျော်ခဲ့သည့် အချက် ကို သုံးသပ်ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)