Connect with us

WORLD

လစ်ဗျားနိုင်ငံဝန်ကြီးချုပ်ဟောင်း COVID-19 ရောဂါဖြင့် အီဂျစ်နိုင်ငံ၌ ကွယ်လွန်

လစ်ဗျားနိုင်ငံဝန်ကြီးချုပ်ဟောင်း မာမွတ်ဂျီဘရီလ် အားတွေ့ရစဉ်(ဆင်ဟွာ)

ကိုင်ရို ၊ ဧပြီ ၆ ရက်(ဆင်ဟွာ)

အသက် ၆၈ နှစ်အရွယ်ရှိ လစ်ဗျားနိုင်ငံဝန်ကြီးချုပ်ဟောင်း မာမွတ်ဂျီဘရီလ်(Mahmoud Jibril) သည် COVID-19 ရောဂါဖြင့် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ ကွယ်လွန်သွားကြောင်း ကိုင်ရိုမြို့ရှိ လစ်ဗျားသတင်းအရင်းအမြစ်တစ်ဦးက ဆင်ဟွာသို့ ဧပြီ ၅ ရက်တွင် ပြောကြားခဲ့သည်။

“ Jibril ဟာ အမှန်တော့ နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ရက်အနည်းငယ်အကြာ ဧပြီ ၄ ရက် ညပိုင်းမှာ ကွယ်လွန်သွားတာပါ” ဟု သတင်းအရင်းအမြစ်က ဖြည့်စွက်ပြောကြားခဲ့သည်။

လစ်ဗျားဝန်ကြီးချုပ်ဟောင်း၏ ကွယ်လွန်အနိစ္စရောက်ခြင်း သတင်းကို ဧပြီ ၅ ရက်တွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။ ၎င်းသည် မကွယ်လွန်မီက ကိုင်ရိုမြို့ရှိ ဆေးရုံတစ်ရုံတွင် တစ်ဦးတည်း သီးခြားနေထိုင်မှု ၁၀ ရက်ကြာပြုလုပ်ခဲ့ကြောင်း သတင်းအရင်းအမြစ်က ဆိုသည်။

ဂျီဘရီလ်သည်  လစ်ဗျားခေါင်းဆောင်မွတ်မာ ကဒါဖီအား သုတ်သင်ဖယ်ရှားပြီး တစ်နှစ်အကြာ ၂၀၁၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် လစ်ဗျားလွတ်မြောက်ရေး ညွန့်ပေါင်းပါတီများ ၊ အမျိုးသား မဟာမိတ်တပ်ပေါင်းစု အကြီးအကဲ အဖြစ်တာဝန်ယူခဲ့သူ တစ်ဦးဖြစ်ကြောင်း သိရသည်။ (Xinhua)