Connect with us

Myanmar

အရက်၊ ဘီယာ၊စီးကရက်၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် နှင့် လုပ်ငန်းသုံး သကြားတင်သွင်းခြင်း ကိစ္စရပ်များမှအပ ကော်မရှင် ၏ ထောက်ခံချက် မလိုအပ်တော့ကြောင်း ထုတ်ပြန်

ဘီယာခွက်အတွင်း ဘီယာများထည့်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်များဖြင့် ဆောင်ရွက်နေသော လုပ်ငန်များတွင် (အရက်၊ ဘီယာ၊စီးကရက်၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်တပ်ဆင်ထုတ်လုပ်သောလုပ်ငန်းများ၏ ကုန်ကြမ်းပစ္စည်းတင်သွင်းခြင်းနှင့် လုပ်ငန်းသုံး သကြားတင်သွင်းခြင်း ကိစ္စရပ်များမှအပ) ကော်မရှင်၏ ထောက်ခံချက်ရယူရန်မလိုအပ်ဘဲ ကုန်သွယ်ရေးဦးစီးဌာန နှင့် အကောက်ခွန်ဦးစီးဌာများသို့ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်မှ စတင်တိုက်ရိုက်လျှောက်ထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ဒီဇင်ဘာ ၁၄ ရက် ထုတ်ပြန်ချက်အရ သိရသည်။

အရက်၊ ဘီယာ၊စီးကရက်၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်တပ်ဆင်ထုတ်လုပ်သောလုပ်ငန်းများ၏ ကုန်ကြမ်းပစ္စည်းတင်သွင်းခွင့်နှင့် လုပ်ငန်းသုံး သကြားတင်သွင်းခွင့်များ တင်ပြလျှောက်ထားရာတွင် နှစ်အလိုက်ကုန်ကြမ်းလိုအပ်ချက်ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တစ်နှစ်ချင်း အလိုက် တင်ပြလျှောက်ထားဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)