Connect with us

Agriculture

နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် မိုးစပါး (၂၇,၈၄ဝ)ဧက စိုက်ပျိုးရန် လျာထား

မိုးစပါးစိုက်ပျိုး နေမှုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်များတွင် မိုးစပါး (၂၇,၈၄ဝ) ဧကစိုက်ပျိုးသွားရန် လျာထားကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်များတွင် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် မိုးစပါး ဧက (၂၄,၅၁၅) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် လျာထားချက် ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အတွင်းရှိ လေရှီး၊ လဟယ်၊ နန့်ယွန်းနှင့် မြို့နယ်ခွဲများတွင် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် မိုးစပါး စိုက်ရာသီတွင် (၂၇,၈၄ဝ) ဧကစိုက်ပျိုးရန် လျာထားရာ ဇွန်လ တတိယပတ် အထိ (၁၅,၄၈၈) ဧက စိုက်ပျိုးပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.