Connect with us

Agriculture

မိုးကြီး ရေလျှံမှုကြောင့် စိုက်ပျိုးမြေများ ပျက်စီးမှုရှိသော်လည်း ဆန်လုံလောက်မှုရှိ ဟုဆို

ရခိုင်ပြည်နယ်တွင် မိုးကြီး ရေလျှံမှုကြောင်း စိုက်ပျိုးမြေများ ပျက်စီးနေမှုအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ ်၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် လူတစ်ဦး စားသံုံးနှုန်းမှာ တစ်နှစ်လျှင် ၂၀၀ ကီလိုဂရမ် (တစ်တင်းခွဲ လေးအိတ်) စားသုံးမှု ရှိပြီး၊ မိုးကြီး ရေလျှံမှုကြောင့် စိုက်ပျိုးမြေများ ပျက်စီးမှု ရှိသော်လည်း နိုဝင်ဘာ လကုန်အထိ စားသုံးပြီးပါက ဆန်အိတ် ၁၀ သိန်းခန့် လက်ကျန် ရှိနိုင်ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ယနေ့ သတင်း ထုတ်ပြန်သည်။

ဆန်တစ်တန် ရရှိရန် စပါးတင်း ၉၀ ဖြင့် တွက်ချက်ပါက ခန့်မှန်း ဆန်တန် ၃.၅၃၉ သိန်းခန့်၊ ဆန်အိတ် သိန်း ၇၀ ကျော်ခန့် လက်ကျန် ရှိနိုင်ကြောင်း၊ သြဂုတ်လမှ နိုဝင်ဘာလအထိ ထွက်ရှိမည့် စပါးများမှာ ထပ်မံပိုလျှံမည့် အရေအတွက် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၄ခု၊ ပြည်ထောင်စုနယ်မြေ ၁ခု စုစုပေါင်း ၁၅ခုတွင် လူဦးရေသန်း ပေါင်း ၅၁.၄၇၉ သန်းရှိပြီး၊ တစ်လလျှင် ဆန်စားသုံးနှုန်း တင်းသိန်းပေါင်း ၈.၅၈၂ သိန်းရှိကြောင်း သိရသည်။

သြဂုတ်လ ၇ ရက်နေ့အထိ စပါးတင်း သိန်းပေါင်း ၂,၇၄၃.၅၂၃ ၊ ဆန်တန်ချိန် သိန်း ၇.၃၈၂ ရှိပြီး၊ နိုဝင်ဘာလ ကုန်အထိ ဆန်လိုအပ်ချက်မှာ တန်သိန်းပေါင်း ၃၄.၃၂၆ လိုအပ်ချက်ရှိပြီး နိုဝင်ဘာလကုန် အထိ တန်ချိန် သိန်းပေါင်း ၃၄.၈၁၇ တန် ရှိနိုင်သည့် အတွက် နိုဝင်ဘာလကုန် အထိ ဆန်တန်သိန်း ဝ.၄၉၁ ပိုလျှံမှု ရှိကြောင်း သတင်းထုတ်ပြန်သည်။

မိုးစပါး ထွက်ရှိမည့် စက်တင်ဘာလ လယ်ခန့်တွင် ခန့်မှန်း တွက်ချက်၍ ပြည်ပသို့ ဆန်တင်ပို့မှုကို ပြန်လည် တင်ပို့မည်ဟု စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ဇွန်လ၊ ဇူလိုင်လ နှင့် သြဂုတ်လအတွင်း သီးနှံ ရေနစ်မြုပ်မှု ဧကပေါင်း ၁.၂၈ သန်းရှိပြီး ပျက်စီးမှု စုစုပေါင်း ၄၀၇,၉၂၅ ဧက ရှိကြောင်း လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117