Connect with us

Culture & Entertainment

ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ကရင်ရိုးရာ ဂျပ်ခုတ် ဒီဇိုင်းပြိုင်ပွဲ ဘားအံမြို့၌ ကျင်းပမည်

ကရင် ရိုးရာ ဂျက်ခုတ် လုပ်ကိုင်နေသူအား တွေ့ရစဉ်(ဓာတ်ပုံ - ကရင် ပြည်နယ် အစိုးရ အဖွဲ့)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ)

ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် ကရင်ရိုးရာ ဂျပ်ခုတ် ဒီဇိုင်းပြိုင်ပွဲကို ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူး၍ ဒီဇင်ဘာ ၂၀ ရက်တွင် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသွား မည်ဖြစ်ကြောင်း ကရင် ပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရသည်။

တိုင်းရင်းသားမျိုးနွယ်စုအလိုက် အသုံးပြုကြသော ရိုးရာဂျပ်ခုတ်စင် အမျိုးမျိုးရှိသည့်အနက် ကရင် တိုင်းရင်းသား တို့သည် ခါးပတ် ဂျပ်ခုတ်ရက်ကန်းစင်ကို အသုံးပြုကြပြီး ချည်မျှင်နှင့် အထည်စက်ကြီးများ ခေတ်မီ တိုးတက် လာသော်လည်း တိုင်းရင်းသားရိုးရာ အဝတ်အထည် ရက်လုပ်မှုဆိုင်ရာလုပ်ငန်းများ တိမ်ကောသွားခြင်း မရှိ စေရေးနှင့် ပိုမိုရှင်သန်လာစေရေး၊ တန်ဖိုးမဖြတ်နိုင်သော ကရင်ရိုးရာဂျပ်ခုတ် အမွေအနှစ်များ ပျက်စီး ပျောက်ကွယ် သွားခြင်း မရှိစေရေးအတွက် ရိုးရာဂျပ်ခုတ်ပညာရပ်ကို လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက် သွားကြစေလိုသော ရည်ရွယ်ချက်ဖြင့် ပြိုင်ပွဲအား ကျင်းပပေးခြင်း ဖြစ်ကြောင်း သိရသည်။

ရှားပါး၍ တန်ဖိုးအစဉ်အလာ ကြီးမားသော ကရင်ရိုးရာဂျပ်ခုတ် လုပ်ငန်းကို ထိန်းသိမ်းမြှင့်တင်သောအားဖြင့် ပြည်တွင်းဖြစ် ကရင်ရိုးရာဓလေ့ ဂျက်ခုတ်ထည်များကို တီထွင်ဆန်းသစ်မှုများ ဆောင်ရွက်နိုင်ကြစေရန်အတွက် ဒုတိယ အကြိမ်မြောက် ကျင်းပပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကရင်ရိုးရာဂျက်ခုတ်ဒီဇိုင်းပြိုင်ပွဲတွင် ဆုရရှိသော ဂျက်ခုတ် အဖွဲ့များအား ကရင် နှစ်သစ်ကူးနေ့ အခမ်းအနား တွင် ကရင်ပြည်နယ် အစိုးရအဖွဲ့မှ  ဆုများထိုက်ထိုက်တန်တန် ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.