Connect with us

Culture & Entertainment

မြန်မာနိုင်ငံမှ အလှမယ် နီနီလင်းအိမ်က Miss Grand International 2023 First Runner-up ဆု နှင့် အခြားဆုများ ဆွတ်ခူးရရှိ

Miss Grand International 2023 First Runner-up အလှမယ်နီနီလင်းအိမ်ကိုတွေ့ရစဉ် (ဓာတ်ပုံ-- Ni Ni Lin Eain Facebook)

ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံမှ အလှမယ် နီနီလင်းအိမ်က ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် ကျင်းပခဲ့သည့် Miss Grand International 2023 First Runner-up ဆု နှင့် အခြားဆုများ ဆွတ်ခူးရရှိခဲ့ကြောင်း Miss Grand Myanmar Organization မှ မန်နေဂျာ စိုင်းလောင်ဝမ်းက ဆင်ဟွာသို့ ယနေ့အောက်တိုဘာ ၂၆ ရက်တွင် ပြောသည်။

Miss Grand International 2023 First Runner-up အလှမယ်နီနီလင်းအိမ်ကိုတွေ့ရစဉ် (ဓာတ်ပုံ- Ni Ni Lin Eain Facebook)

Miss Grand International 2023 First Runner-up အလှမယ်နီနီလင်းအိမ်ကိုတွေ့ရစဉ် (ဓာတ်ပုံ- Ni Ni Lin Eain Facebook)

Miss Grand International 2023 First Runner-up အလှမယ်နီနီလင်းအိမ်ကိုတွေ့ရစဉ် (ဓာတ်ပုံ- Ni Ni Lin Eain Facebook)

စိုင်းလောင်ဝမ်းက “Miss Grand International ပြိုင်ပွဲတစ်လျှောက် မြန်မာနိုင်ငံက လွှတ်ခဲ့တဲ့ အလှမယ်တွေထဲမှာ ပထမဦးဆုံး အမြင့်ဆုံးဆုကို နီနီလင်းအိမ်က ရရှိခဲ့တာဖြစ်ပါတယ်။ Miss Grand International ပြိုင်ပွဲကို ၂၀၁၃ ခုနှစ်လောက်က အလှမယ် ထားထက်ထက်က တခြား organization နဲ့အတူ သွားရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ ၂၀၂၁ မှာ ကျွန်တော်တို့ organization က စတင်ပြီး organize လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ organize လုပ်ခဲ့တဲ့ ၃ နှစ်တာ ကာလရော၊ တခြား organization က organize လုပ်ခဲ့တဲ့ ကာလတွေမှာရော အခု နီနီလင်းအိမ်က အမြင့်ဆုံးဆု ရရှိခဲ့တာဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ Miss Grand International ပြိုင်ပွဲတွက် မြန်မာနိုင်ငံမှ အလှမယ် နီနီလင်းအိမ် အပါအဝင် နိုင်ငံပေါင်း ၇၀ ကအလှမယ်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အလှမယ် နီနီလင်းအိမ်က 1st runner-up ဆုနှင့် အခြားဆုများဖြစ်သည့် Country of the year နှင့် Miss Popular Vote အပါအဝင် စုစုပေါင်း ဆု ၅ ဆုရရှိခဲ့ကြောင်း မန်နေဂျာ စိုင်းလောင်ဝမ်း၏ ပြောကြားချက်အရ သိရသည်။

“ ၁ နှစ်တာကာလအတွင်း organization အနေနဲ့ ပြင်ဆင်စရာရှိတာတွေကို တစ်ဆင့်ချင်း ပြင်ဆင်ခဲ့တယ်။ National Costume ဆိုရင်လည်း ထိုင်းဒီဇိုင်နာဆီမှာ အပ်ခဲ့တယ်။ Final ဝတ်မယ့် ဝတ်စုံဆိုရင်လည်း ၆ လလောက် ကြိုပြင်ဆင်ခဲ့တယ်။ နီနီရဲ့ ကြိုးစားမှုကလည်း ၁၀၁ ရာခိုင်နှုန်းရှိတယ်။ National Director ကလည်း နီနီ့ဘေးမှာအမြဲရှိတယ်။ ကျွန်တော်တို့ organization က ဝန်ထမ်းတွေကလည်း လိုအပ်တာကို ကူညီပေးခဲ့တယ်။ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကလည်း အများကြီး ကူညီပေးတဲ့အတွက် မြန်မာနိုင်ငံအတွက် အခုလို ဆုကို ရရှိခဲ့တယ်လို့ထင်ပါတယ်” ဟု၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အဆိုပါ Miss Grand International 2023 ပြိုင်ပွဲကို အောက်တိုဘာ ၂ ရက်မှ အောက်တိုဘာ ၂၅ ရက်အထိ ယှဉ်ပြိုင်ခဲ့ရကြောင်း ၎င်းကဆိုသည်။

“ပရိသတ်ရဲ့ supporting က မြန်မာ့အလှမယ်လောကကို ဂုဏ်ယူစရာတစ်ခုဖြစ်ပါတယ်။ တစ်နှစ်ထက် တစ်နှစ်လည်း မြန်မာပရိသတ်ရဲ့ အားပေးမှုက ပိုများလာတယ်လို့ ထင်ပါတယ်။ အရမ်းကို အားပေးခဲ့တဲ့ ပရိသတ်ကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ၎င်းကပြောသည်။

၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် Miss Grand International ပြိုင်ပွဲကိုလည်း မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရမည်ဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင်လည်း Miss Grand International ပြိုင်ပွဲ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.