Connect with us

Environment, Disasters & Accidents

စစ်ကိုင်းတိုင်း ၊ ကနီမြို့အနီး ရေယာဉ် တိမ်းမှောက်ခဲ့ရာ သေဆုံးသူများရှိ


ရန်ကုန် ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်း ဒေသကြီး ၊ ကနီမြို့အနီး၌ ဟုမ္မလင်းမှ မုံရွာသို့စုန်ဆင်းလာသော အောင်စိုးမိုးကျော် ရေယာဉ် သည် ယနေ့အောက်တိုဘာ ၁၅ ရက် နံနက် ၅ နာရီခွဲ အချိန်ခန့်တွင် နစ်မြုပ်မှု ဖြစ်ပွားခဲ့ရာ နေ့လည် ၂ နာရီ အချိန်ထိ သေဆုံးသူ ၅ ဦး၏ ရုပ်အလောင်းများအား ဆယ်ယူထားကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာနမှ သတင်း ရရှိသည်။

ထိုရေယာဉ်ပေါ်တွင် ခရီးသည် ခန့်မှန်း ၃၀၀ ဦးခန့်ပါဝင်ခဲ့ပြီး ယနေ့နေ့လည် ၂ နာရီ အချိန်ထိ ခရီးသည် ၁၅၃ ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

ရေယာဉ် နစ်မြုပ်ခဲ့မှုအား ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေမူများအား တွေ့ရစဉ်(ဓာတ်ပုံ-Myanmar Fire Service Department)

ယခုအခါတွင် ကနီမြို့နယ် ၊ မင်းကင်း မြို့နယ် နှင့် ဘုတလင် မြို့နယ် မီးသတ်စခန်းများမှ ရှာဖွေ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များမှ ကယ်ဆယ်ရေး လုပ်ငန်းများ ပါဝင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)