Connect with us

Environment, Disasters & Accidents

မန္တလေးလေဆိပ်အတွင်း လေယာဉ်မတော်တဆမှုကြောင့် ခရီးသည်၊ လေယာဉ်အဖွဲ့သားများ တစ်စုံတစ်ရာ ထိခိုက်ခဲ့ခြင်းမရှိဟု သတင်းထုတ်ပြန်


ရန်ကုန်၊ မေ ၁၂ ရက် (ဆင်ဟွာ)

မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Myanmar National Airlines လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးသည် ယနေ့ (မေ ၁၂ ရက်) နံနက် ၉နာရီ ဝန်းကျင်တွင် မတော်တဆမှုဖြစ်ပွားခဲ့ရာ ခရီးသည်၊ လေယာဉ်အဖွဲ့သားများ တစ်စုံတစ်ရာ ထိခိုက်ခဲ့ခြင်းမရှိကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်သော သတင်းအရ သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ခရီးစဉ်အမှတ် UB103 ရန်ကုန်- မန္တလေး- ရန်ကုန် ခရီးစဉ်ကို လေယာဉ်အမှတ် XY-AGQ , Embraer 190AR နှင့် ခရီးသည် ၈၂ ဦးတင်ဆောင်၍ ကပ္ပတိန် မြတ်မိုးအောင်၊ FO ကောင်းဆက်လင်း၊ FOမျိုး သီဟအောင်၊ cabin crew များအဖြစ် မချယ်ရီမြင့်၊ မကေဂျာစန်းအောင်၊မခိုင်ဇာလင်း၊မဥမ္မာအောင် တို့ လိုက်ပါလာခဲ့ကြောင်း၊ ၎င်းလေယာဉ်သည် မန္တလေး လေဆိပ်သို့ ဆင်းချိန် ၀၈၁၇ ချိန် တွင် လေယာဉ်ဘီးချရာ Nose Landing Gear မကျ ကြောင်းတွေ့ရှိရသဖြင့် Captain မှ Emergency procedure အရ ဆောင်ရွက်ရာတွင်လည်း Nose Landing Gear သည် ကျမလာကြောင်း သိရသည်။

ပုံစာ- တံတားဦးလေဆိပ်တွင် လေယာဉ်မတော်တဆမှုဖြစ်ပေါ်ခဲ့သော လေယာဉ်အားတွေ့ရစဉ်(Myanmar National Airlines)

အဆိုပါ အခြေအနေဖြစ်ပေါ်နေစဉ် Captainသည် လေကြောင်းထိန်းမျှော်စဉ်သို့ Nose Landing Gear ကျမကျ ကြည့်ပေးပါရန် ၂ ကြိမ်ဝဲပတ်ပျံသန်းပြခဲ့ကြောင်း၊ ထို့နောက် လေယာဉ်ဆီကုန်စေရန် ဝဲပတ်ပျံသန်းပြီးနောက် ၉နာရီ ၉မိနစိ Runway 17 အတိုင်း Emergency landing ပြုလုပ်ခဲ့ရာ ပြေးလမ်း ၄၅၀၀ ပေတွင် လေယာဉ်ဦးစိုက်အနေအထားနှင့် ရပ်တန့်ပြီးနောက် လေယာဉ်Cabin Crew အဖွဲ့မှ ခရီးသည်များအား Emergency Evacuations Proceduresအတိုင်း သတ်မှတ်ချိန်အတွင်းပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။အဆိုပါဖြစ်စဉ်တွင် ပါဝင်ခဲ့သော ခရီးသည်များကို လည်း ERP( Emergency Response Plan) နှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.