Connect with us

Environment, Disasters & Accidents

မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ် မတော်တဆမှုဖြစ်ပွား


ရန်ကုန်၊ မေ ၁၂ ရက် (ဆင်ဟွာ)

မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Myanmar National Airlines လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးသည် ယနေ့ (မေ ၁၂ ရက်) နံနက် ၉နာရီ ဝန်းကျင်တွင် မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း မန္တလေးလေဆိပ်မှ တာဝန်ကျရဲအရာရှိတစ်ဦးက ဆင်ဟွာသို့ ပြောကြားသည်။

“လေယာဉ်အဆင်း ရှေ့ဘီး Nose Landing Gear ချမရဘဲ နှုတ်သီးနဲ့ ဆင်းလိုက်ရတယ်၊လူထိခိုက်မှုမရှိဘူး၊ ခရီးသည်အချို့တော့ တော်တော်လန့်သွားတာပေါ့”ဟု ၎င်းက ဆိုသည်။အဆိုပါ MNA လေကြောင်း (Embraer 190)သည် ရန်ကုန်မှ မန္တလေးသို့ ခရီးသည် ၈၀ကျော်ဖြင့် ထွက်ခွာလာပြီး တံတားဦးလေဆိပ်သို့ ဆင်းသက်ချိန်တွင် ရှေ့ဘီး ချမရဘဲ ဘေးကင်းစွာဆင်းသက်ရန်(safely landed )ရအောင်ကျိုးစား ဆင်းသက်ပေးခဲ့ရကြောင်း ယင်းလေယာဉ်ပေါ်ပါ ခရီးသည်တစ်ဦးက ပြောသည်။

တံတားဦးလေဆိပ်တွင် လေယာဉ်မတော်တဆမှုဖြစ်ပေါ်မှုအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(အင်တာနက်)

“မီးခိုးတွေထွက်လာပြီး ညှော်နံံ့တွေရတယ်၊ လေယာဉ်ဆင်းနေချိန်၊ တအားကို လန့်နေတာပေါ့၊လေယာဉ်မှူးကြီးတော်လို့ ထိခိုက်ဒဏ်ရာမရရှိကြတာ”ဟု ၎င်းဆိုသည်။ယင်း လေယာဉ်မတော်တဆဖြစ်ပွားမှုသို့ ကယ်ဆယ်ရေးများ သွားရောက်ကယ်ဆယ်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.