Connect with us

Environment, Disasters & Accidents

ရှမ်းပြည်နယ် မိုင်းပျဉ်းမြို့နယ်၌ ခရီးသည်တင်ယာဉ် လမ်းဘေးချောက်ထဲ ထိုးကျ ၊ လူ ၅ ဦး သေဆုံး

လမ်းဘေးချောက်ထဲသို့ ထိုးကျ တိမ်းမှောက်ခဲ့သည့် ယာဉ်အား တွေ့ ရစဉ်(ဓာတ်ပုံ - Myanmaalinn)

ရန်ကုန် ၊ မေ ၁၃ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းပျဉ်းမြို့၌ ခရီးသည်တင် ယာဉ်တစ်စီး လမ်းဘေးချောက်ထဲ ထိုးကျ တိမ်းမှောက်ခဲ့ရာ လူ ၅ ဦး သေဆုံးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

တာချီလိတ်- ကျိုင်းတုံ-တောင်ကြီးသွားပြည်ထောင်စု ကားလမ်းမကြီးပေါ် မိုင်တိုင်အမှတ် (၃၃၆/၆)နှင့် (၃၃၆/၇) ကြားတွင် မေ ၁၂ ရက်က တာချီလိတ်မြို့မှ တောင်ကြီးမြို့သို့ မောင်းနှင်လာသည့် မှန်လုံယာဉ်သည် မိုင်းပျဉ်းမြို့ အရှေ့တောင်ဘက် ၅ မိုင် ခန့်အကွာတွင် အရှိန်မထိန်းနိုင်ဘဲ ပေ ၅၀ ခန့်ရှိ ချောက်ထဲ သို့ ထိုးကျ တိမ်းမှောက်ခဲ့ကြောင်း ၊ ယာဉ်ပေါ်ပါ သူ ရှစ်ဦး အနက် ယာဉ်မောင်း နှင့် ခရီးသည် လေးဦးသေဆုံးပြီး သုံးဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မိုင်းပျဉ်းမြို့မရဲစခန်း က အမှုဖွင့် အရေးယူထားကြောင်း သိရ သည်။(Xinhua)