Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံရှိ အဓိက မြစ်ကြီးများ စိုးရိမ်ရေမှတ်များသို့ ရောက်ရှိ ကျော်လွန်နေပြီး ရေဘေးသင့် ပြည်သူ ၁ သိန်းကျော် ၊ သေဆုံးသူ ၂၇ ဦးထိရှိနေ

မုတ်သုန်မိုး သည်းထန်စွာ ရွာသွန်းမှု များကြောင့် ရေကြီး ရေလျှံဖြစ်နေသာ စစ်ကိုင်းတိုင်း ကလေးမြို့အား မြင်တွေ့ရစဉ် (ဓာတ်ပုံ- U Ye Htut Facebook)

ရန်ကုန် ၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ တစ်ဝန်းလုံး ဇွန် ၊ ဇူလိုင်လများအတွင်း မုတ်သုန်မိုး သည်းထန်စွာ ရွာသွန်းမှု များကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုရှိ ရေဘေးသင့်ခံ မြို့နယ်ပေါင်း ၄၂ မြို့နယ်တွင် ရေဘေးသင့် ပြည်သူ စုစုပေါင်း ၁၁၄,၈၄၅ ဦး ရှိပြီး ယနေ့အထိ နောက်ဆုံးရရှိထားသည့် စာရင်းအရ သေဆုံးသူဦးရေ ၂၇ ထိ ရှိနေကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနမှ သိရသည်။

ယင်းရေကြီး ရေလျှံမှု ၊ သဘာဝဘေးများကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုတွင် ရေကြီး နစ်မြုပ်မှုနှင့် သီးနှံများ ထိခိုက် ပျက်စီးမှု အခြေအနေမှာ စုစုပေါင်း ရေနစ်မြုပ်ဧက ၅၂၄,၈၉၆ ရှိပြီး ထိခိုက်ဧက ၈၇,၂၉၀ ဧက နှင့် ပျက်စီးဧက ၃၄,၀၇၆ ဧက အထိ ရှိနေကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်ထားချက်အရ သိရသည်။

ယခု ရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆည်တာတမံများ ကျိုးပေါက်မှု မရှိစေရေး ရေကင်းများ ချထားပြီး စောင့်ကြပ် ကြည့်ရှု ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေပိုင်း တိုင်းတာချက်အရ ရေလှောင် တမံကြီး ၄၃ ခုတွင် သတ်မှတ် ရေလှောင်ပမာဏ ပြည့်မီသဖြင့် ရေပိုလွှဲများမှ ရေထုတ် လွှတ်လျက်ရှိပြီး တာတမံများ ကျိုးပေါက်မှု မရှိကြောင်း၊ ရေလှောင်တမံကြီးများ နှင့် ရေလှောင်တမံ ၂၁ ခုတွင် သတ်မှတ် ရေလှောင်ပမာဏ ပြည့်မီခြင်း မရှိသေးကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးများ ဖြစ်သော ဧရာဝတီမြစ်၊ ချင်းတွင်း မြစ်၊ စစ်တောင်းမြစ်၊ ငဝန်မြစ်၊ ပဲခူးမြစ်နှင့် သံလွင်မြစ် စသည့်မြစ်ကြီးများ၏ ရေဆင်း ဧရိယာများတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ယင်းမြစ်များ၏ စိုးရိမ်ရေမှတ်များသို့ ရောက်ရှိ ကျော်လွန်လာပြီ ဖြစ်သည်။

သက်ဆိုင်ရာ ရေဘေး ကာကွယ်ရေး တာတမံများ ကြံ့ခိုင်မှု အတွက် ကြိုတင် ကာကွယ် ဆောင်ရွက်ခြင်း၊ ၂၄ နာရီ စောင့်ကြည့် စီမံခြင်း၊ အရေးပေါ်ရေဘေး ကာကွယ်ရေး ပစ္စည်းများ အရန်သင့် စုဆောင်းခြင်း၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများဖြင့် ပူးပေါင်းကာ ရေဘေး ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို အချိန်ပြည့်စောင့်ကြည့် စီမံ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ တစ်ဝန်းလုံး လွန်ခဲ့သည့် နှစ်လအတွင်း မုတ်သုန်မိုး သည်းထန်စွာ ရွာသွန်းမှုများကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို ့တွင် ရေကြီးရေလျှံမှုများ ၊ မြေပြိုမှုများ စသည့် သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်လျှက်ရှိရာ ချင်းပြည်နယ် ၊ စစ်ကိုင်းတိုင်း ဒေသကြီး ၊ မကွေးတိုင်း ဒေသကြီး နှင့် ရခိုင်ပြည်နယ်တို့အား သဘာဝ ဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် နိုင်ငံတော် သမ္မတရုံးမှ ယမန်နေ့ဇူလိုင်လ ၃၁ ရက်တွင် ထုတ်ပြန် ကြေညာလိုက်သည်။

ထို့ပြင် အမျိုးသား သဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး ကော်မတီမှ ဦးဆောင်၍ ရေကြီး ရေလျှံမှုများနှင့် သဘာဝဘေး ကျရောက်နေသော ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ် ဒေသများတွင်လည်း သဘာဝဘေး စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များ ဖြစ်သော ကယ်ဆယ်ရေး၊ ထောက်ပံ့ရေးနှင့် ပြန်လည် နေရာချ ထားရေး ကိစ္စရပ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (Xinhua)