Connect with us

Environment, Disasters & Accidents

လှည်းကူးမြို့နယ်ရှိ ငမိုးရိပ်ဆည်စိုးရိမ်စရာမရှိဟုဆို

မြန်မာနိုင်ငံတွင်ရှိသော တမန်တစ်ခုအတွင်းရှိ ရေပြင်အားမြင်တွေ့ရပုံ(ဓါတ်ပုံ-M.O.I)

ရန်ကုန်၊ သြဂုတ်၂ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ရှိသည့် ငမိုးရိပ်ဆည်စိုးရိမ်ရေအမှတ် ရောက်ရှိနေကြောင်း သတင်းများ ထွက်ရှိနေမှုသည် ဟုတ်မှန်မှုမရှိကြောင်း ငမိုးရိပ်ဆည်မှ တာဝန်ရှိသူ ဦးအောင်ကြီးက ဆင်ဟွာကို ယနေ့ပြောကြားသည်။

ငမိုးရိပ်ဆည်သည် လှည်းကူးမြို့နယ်တွင် ရှိပြီး၊ ငမိုးရိပ်ဆည်ဖောက်ထုတ်ပါက ငမိုးရိပ်ချောင်း နှင့် အနီးတစ်ဝိုက်နေရာတွင် ရေကြီးနိုင်သည်ဟု ပြည်သူတချို့ကစိုးရိမ်နေလျက်ရှိပြီး စိုးရိမ်ရန်မလိုကြောင်း ဦးအောင်ကြီးကဆိုသည်။

ဦးအောင်ကြီးက “ ငမိုးရိပ်ဆည်ဟာ အခုအချိန်မှာ စိုးရိမ်ရေအမှတ် လုံးဝမရောက်သေးပါဘူး။ ပြည်သူတွေကို မစိုးရိမ်ဖို့ ပြောချင်ပါတယ်။ စိုးရိမ်ရေအမှတ်က RL ၁၂၀ ပါ။ ရေလွှဲထုတ်မယ်ဆိုရင် RL၁၀၇ မှ ရေပိုလွှဲနေရာက ရေကျော်ပေးမှာ။ အခုက ရေပိုလွှဲနေရာမှာလည်း RL ၁၀၆.၅၀ ပဲရှိသေးတဲ့ အတွက်စိုးရိမ်စရာ မရှိပါဘူးဟု’’ ပြောသည်။

လက်ရှိကာလသည် မိုးရေချိန်အများဆုံးကာလ ဖြစ်သည့်အတွက် မုန်သုန်အားက ဆက်လက်ကောင်းနေသေးကြောင်း၊ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဒေါ်ရီရီငြိမ်းက ပြောသည်။

ရေအရင်းအမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဦးသောင်းလွင်က “ ငမိုးရိပ်ချောင်းကိုတော့ ကျွန်တော်တို့ မနှစ်ကတည်းက ၂ မီတာ အနက်ကိုထပ်ပြီးတူးထားပါတယ်။ ငမိုးရိပ်ချောင်း ရေကြီးမကြီးကတော့ ငမိုးရိပ်ဆည်ပေါ်မှာ မူတည်တာပါ။ ရေစစ်(ရေကျ) ချိန်ဆည်ဖောက်ရင်လည်း စိုးရိမ်စရာတော့ မရှိပါဘူး’’ ဟုဆင်ဟွာကို ပြောသည်။

ငမိုးရိပ်ချောင်းသည် တောင်ဒဂုန်၊ မြောက်ဒဂုန်၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ ၊ သင်္ဃန်းကျွန်း၊ ဒေါပုံ၊ မင်္ဂလာတောင်ညွန့် စသည့်မြို့နယ်များကို ဖြတ်သန်းစီးဆင်းကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117