Connect with us

Environment, Disasters & Accidents

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၌ အမိုးနီးယားဓာတ်ငွေ့များယိုစိမ့်မှုကြောင့် လူ၆ဦး ဆေးရုံတက်ကုသမှုဖြစ်ပွား

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ--ရဲဇာနည်)

ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာမြို့နယ်၌ အမိုးနီးယားဓာတ်ငွေ့များယိုစိမ့်မှုကြောင့် အမျိုးသား(၁)ဦး၊ အမျိုးသမီး(၅)ဦး ဆေးရုံတက်ကုသမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၁း၃၀နာရီ မိနစ်အချိန် လှို့င်သာယာမြို့နယ်၊ စက်မှုဇုန်(၂)ရှိ /ပုဇွန်အအေးခန်း စက်ရုံတစ်ခု၌ အမိုးနီးယားသိုလှောင်အိုး၏ ဓာတ်ငွေ့ပြန်ပိုက်၌ တပ်ဆင်သည့် ဘားချို့ယွင်းမှုကြောင့် ဓာတ်ငွေ့ စိမ့်ထွက်မှုဖြစ်ပေါ်၍ ၎င်းစက်ရုံ အအေးခန်း စက်မောင်းတာဝန်ထမ်းဆောင်နေသော လှိုင်သာယာမြို့နယ်၊ (၁၅)ရပ်ကွက်နေ ကိုသားငယ် (ခ)တင်ထွန်းဦး(၂၆)နှစ်နှင့်အတူ (ကျား ၁ ဦး၊ မ ၅ ဦး)စုစုပေါင်း ၆ဦးတို့ အမိုးနီးယားဓာတ်ငွေ့များ ရှုမိခဲ့ကြောင်း သိရသည်။

၎င်းတို့မှာအသက်ရှုကြပ်(မစိုးရိမ်ရ)ဝေဒနာ ရရှိ၍ နံနက် ၃း၄၀နာရီ မိနစ်အချိန်တွင်လှိုင်သာယာပြည်သူ့ဆေးရုံမှ တစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသမှုခံယူလျက်ရှိပြီး မြောက်ပိုင်းခရိုင် မီးသတ် အဖွဲ့က ဓာတ်ငွေ့ယိုစိမ့်မှုမရှိစေရေး ဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.