Connect with us

Environment, Disasters & Accidents

လားရှိုးမြို့၌ ဗုံးပေါက်ကွဲမှုကြောင့် ၂ ဦး သေဆုံး ၊ ၁၁ ဦး ဒဏ်ရာရ


ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် ၊ လားရှိုးမြို့၌ ယနေ့ ညနေပိုင်း အချိန် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီး နှစ်ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုသည် လားရှိုးမြို့ အမှတ်(၃)ရပ်ကွက် ၊ လမ်းမတော်လမ်းရှိ ရိုးမဘဏ်၌ ဖြစ်ပွားခဲ့ကြောင်း ၊ ဗုံးပေါက်ကွဲမှုကြောင့် ဘဏ်အတွင်း ပိုင်းတွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး ကပ်လျက်ရှိ ဧရာဝတီဘဏ်တွင်လည်း ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ၊ မျက်နှာချင်းဆိုင်ရှိ ပြည်နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနရုံး မှန်များ ကွဲကြေခဲ့သည့် အပြင် လမ်းမတော် လမ်းမ ဘေး၌ ရပ်ထားသော ကားမှန်များလည်း ကွဲကြေခဲ့ကြောင်း သိရသည်။

လားရှိုးမြို့၌ ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ်(ဓာတ်ပုံ-MOI)

ပေါက်ကွဲမှုကြောင့် ဘဏ်အတွင်းရှိ အမျိုးသား ငါးဦး၊ အမျိုးသမီး ၈ ဦး ပေါင်း ၁၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများအား လားရှိုးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကုသ လျက်ရှိရာ ၎င်းတို့အနက် အမျိုးသမီး နှစ်ဦး သေဆုံးသွားကြောင်း သိရသည။

ထိုအခင်းဖြစ် ပွားရာ နေရာသို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိ သူများ စစ်ဆေးကြည့်ရှုလျက် ရှိကြောင်း နှင့် ပေါက်ကွဲမှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေး လျက်ရှိကြောင်း သိရသည်။ (Xinhua)