Connect with us

Environment, Disasters & Accidents

ကလေး-ရန်ကုန် High Class ခရီးသည်တင်ယာဉ် တိမ်းမှောက်မှု၌ သေဆုံးသူ ၁၁ ဦးထိ ရှိလာ

High Class ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုအား ကယ်ဆယ်ရေးပြုလုပ်နေစဉ်(ဓာတ်ပုံ- အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး)

ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ)

ကလေး- ရန်ကုန် ပြေးဆွဲနေသော High Class ခရီးသည်တင်ယာဉ် သည် ယနေ့ (မတ်လ၅ ရက်) နံနက်၆ နာရီအချိန်ခန့်က နေပြည်တော်-ရန်ကုန် အမြန်လမ်းမကြီးပေါ်တွင် တိမ်းမှောက်မှု၌ သေဆုံးသူ ၁၁ ဦးထိ ရှိလာပြီဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါယာဉ်သည် မိုင်တိုင်အမှတ် ၇၇/၃-၇၇/၄ ကြား တွင် နောက်ယာဘက်ဘီးပေါက်ကာ လမ်းလမ်းကျွန်းအား တိုက်မိ၍ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့ရာ သံဃာ ၃ ပါးအပါအဝင် ၈ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ လူ ၂၅ ဦးဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများထဲမှ ၃ဦးထပ်မံ သေဆုံးခဲ့ကြောင်း ၎င်းက ဆိုသည်။

ယင်းယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူများသည် မြို့ကျောင်းတိုက်နယ်ဆေးရုံ၌ ကုသမှု ခံယူလျက်ရှိကြောင်း အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့် ပက်သက်ပြီး ယာဉ်မောင်းအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၇၊ ၃၃၈၊ ၃၀၄- (က) အမြန်လမ်းမကြီးများ ဥပဒေပုဒ်မ ၁၉ အရ အရေးယူထားကြောင်း သိရသည်။ (Xinhua)