Connect with us

Environment, Disasters & Accidents

ဖျာပုံမြို့အနီး အင်အားရစ်(ခ်)တာစကေး ၄.၂ အဆင့်ရှိ မြေငလျင် လှုပ်ခတ်

ဖျာပုံမြို့ အနီး လှုပ်ခတ်သွားခဲ့သည့် မြေငလျင် တည်နေရာပြ မြေပုံအား တွေ့ ရစဉ်(ဓာတ်ပုံ- မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)

ရန်ကုန် ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့အနီး အင်အားရစ်(ခ်)တာစကေး ၄.၂ အဆင့်ရှိ မြေငလျင် တစ်ခုသည် ယနေ့ဧပြီ ၁၈ ရက် နေ့လည်ပိုင်း အချိန်တွင် လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ၊ မြေငလျင် ဌာနခွဲမှ သတင်း ထုတ်ပြန်မှုတွင် ဖော်ပြခဲ့သည်။

ထိုလှုပ်ခတ်သွားခဲ့သည့် အင်အားရစ်(ခ်)တာစကေး ၄.၂ အဆင့်ရှိသော မြေငလျင်သည် အနက်တိမ်၍ ငလျင် ဗဟိုချက်မှာ မြစ်အတွင်း၌ ဖြစ်ကြောင်း ၊ ဖျာပုံမြို့နှင့် နီးစပ်နေသည့် ရန်ကုန်မြို့ရှိ မြို့နယ် အတော်များများ သိရှိ ခံစား ခဲ့ရပြီး အင်အား အနည်းငယ်သာ ရှိပြီး ထိခိုက် ပျက်စီးမှု သတင်း ရရှိထားခြင်း မရှိကြောင်း မြေငလျင် ဌာနခွဲမှ သိရသည်။

ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်ဘက် (၄၆)မိုင်ခန့် ကွာဝေးသော ဖျာပုံမြိ့ု၏ – အရှေ့-အရှေ့တောင်ဘက် (၃၅)မိုင်ခန့်အကွာ ၊ မြောက်လတ္တီတွဒ် ၁၆.၂၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၁၉ ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခုသည် မြန်မာစံတော်ချိန် (၁၄)နာရီ၊ (၂၅)မိနစ်၊ (၄၂)စက္ကန့် အချိန်တွင် လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။(Xinhua)