Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံမှ ရေဘေးသင့်သူ ၄၃၅,၀၀၀ အတွက် ကုလသမဂ္ဂ အေဂျင်စီမှ အစားအစာအကူအညီ ထောက်ပံ့

စစ်ကိုင်းတိုင်း ကလေးမြို့ရှိ ရေဘေးသင့် ပြည်သူများ (ဆင်ဟွာ)

ကုလသမဂ္ဂ၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ မြန်မာနိုင်ငံ၏ အဆိုးရွားဆုံး ရေဘေးသင့် ဒေသက ပြည်သူ ၄၃၅,၀၀၀ အတွက် အရေးပေါ် အစားအစာ အကူအညီများ ပေးအပ်လျက် ရှိကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့် ရှိသူက ပြောပါသည်။

“ တစ်လစာ ဆန်၊ ကုလားပဲ၊ ဆီ၊ ဆား နှင့် အချို့နေရာများတွင် တစ်ပတ်စာ ရိက္ခာ အဖြစ် အားဖြည့် ဘီစကစ် များ ထောက်ပံ့ ပေးခဲ့တယ်” ဟု ကုလသမဂ္ဂ ပြောရေး ဆိုခွင့်ရှိသူ စတက်ဖနီ ဒူဂျာရစ်က ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။WFP သည် မြန်မာ အစိုးရ၊ အခြား ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ပြည်တွင်း NGO များ နှင့် လက်တွဲပြီး အစားအစာ ထောက်ပံ့ရေး လုပ်ငန်းများ လုပ်ကိုင်နေပြီး ယခုအချိန်အထိ လူူပေါင်း ၂၁၃,၀၀၀ ထံသို့ အစားအစာများ ထောက်ပံ့ပေးခဲ့ပြီး ဖြစ်တယ်” ဟု သူက ဖြည့်စွက် ပြောပါသည်။

ဇွန်လ အတွင်းမှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံ တိုင်းဒေကြီးနှင့် ပြည်နယ် ၁၃ ခု တွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ပြီး လူနေအိမ်များ၊ လယ်ယာများ၊ ရထားလမ်းများ၊ တံတားများနှင့် လမ်းများ ပျက်စီးခဲ့သည်။

မြန်မာနိုင်ငံ အစိုးရက ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် မကွေးတိုင်း ဒေသကြီးတို့အား ဘေးအန ္တရာယ် ကျရောက်သော ဒေသအဖြစ် ကြေညာထားခဲ့ပြီး ရခိုင်ဒေသတွင် အဆိုးရွားဆုံး ထိခိုက်ခဲ့သည်။ အစိုးရ တာဝန်ရှိသူများ အဆိုအရ နိုင်ငံ အတွင်း ရေဘေးဒဏ် ခံရသူပေါင်း တစ်သန်း နီးပါး ရှိခဲ့သည်ဟု ဆိုသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117