Connect with us

Environment, Disasters & Accidents

ရေဘေးသင့် ဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အထောက်အကူ ဖြစ်စေရေး အသေးစား အရင်းအနှီး ချေးငွေ ပြန်ဆပ်ကာလ တိုးမြှင့် ပေးလိုက်ပြီး ထပ်ဆောင်း ချေးငွေများ ထုတ်ချေး ပေးသွားမည်

ရေဘေးသင့် ပြည်သူများအတွက် ချေးငေ ထပ်မံ ပံ့ပိုးပေးနိုင်ရေး ညှိနှိုင်း အစည်းအဝေး ကျင်းပ နေစဉ် (ဓာတ်ပုံ-သမဝါယမ ဝန်ကြီးဌာန)

ရန်ကုန် ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ)

နိုင်ငံတစ်ဝှမ်းတွင် ဖြစ်ပေါ်ခဲ့သော ရေဘေးသင့် ဒေသများ ကယ်ဆယ်ရေး ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန် ရေဘေးသင့် ဒေသများရှိ သမဝါယမ အသင်းသားများသို့ ထုတ်ချေးထားသည့် အသေးစား အရင်းအနှီး ချေးငွေ ပြန်ဆပ် ကာလကို တိုးမြှင့် ပေးလိုက်ပြီး ပြန်လည် ထူထောင်ရေး အတွက် ထပ်ဆောင်း ချေးငွေများကို ထုတ်ချေးပေးမည်ဟု သမဝါယမ ဝန်ကြီးဌာနမှ သိရသည်။

ရေဘေးသင့် ဒေသများရှိ အသင်းသားများသို့ ထုတ်ချေးထားသည့် ချေးငွေကျပ် ၁၂,၇၆၉.၄၅၇ သန်းရှိ၍ ချေးငွေ ပြန်ဆပ် ကာလကို ၆ လမှ ၁ နှစ် အထိ တိုးမြှင့် ပေးလိုက်ကြောင်း သိရသည်။

ထို့ပြင် ထိခိုက် ဆုံးရှုံးခဲ့သည့်သမဝါယမ အသင်း ၁,၆၉၇ သင်း ၊ အသင်းသား အိမ်ထောင်စု ၃၉,၂၄၄ စု အတွက် အိမ်ထောင်စု တစ်စုလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ထပ်ဆောင်း ချေးငွေကျပ်(၃,၉၂၄.၄၀၀) သန်း ၊ ချေးငွေ မခံစားရသေးသော အသင်းသားများ အတွက် စိုက်ပျိုးစရိတ် ချေးငွေကျပ် ၁၃,၄၆၇.၇၈၅ သန်း၊ မွေးမြူရေး စရိတ် ချေးငွေ ကျပ် ၅,၆၈၉.၂၅၀ သန်း၊ အိမ်တွင်း လုပ်ငန်းများ ချေးငွေကျပ် ၅၅၉.၆၉၀ သန်း နှင့်လယ်ယာ လုပ်သားများ အတွက်ချေးငွေကျပ် ၄,၅၃၂.၇၁၀ သန်း ထပ်မံ ပံ့ပိုးပေးမည့် အပြင် အကြွေးစနစ်ဖြင့် စိုက်ပျိုးရေး လုပ်ငန်းအတွက် ဓာတ်မြေဩဇာ ၊ ပိုးသတ်ဆေး စသည့် တန်ဖိုးကျပ် ၃,၃၆၅.၄၃၅ သန်း၊ အရစ်ကျ ငွေချေ စနစ်ဖြင့် ရေလုပ်ငန်းသုံး နှင့် လယ်ယာသုံး စက်ကိရိယာ ပစ္စည်းများ တန်ဖိုးကျပ် ၁,၆၅၇.၁၁၂ သန်း အပါအဝင် စုစုပေါင်းကျပ် ၃၃,၁၉၆.၃၈၂ သန်း ထပ်မံ ပံ့ပိုးခြင်းတို့ကို ယခု စက်တင်ဘာလ ပထမပတ်အတွင်း ဆောင်ရွက်သွားမည်ဟု သိရသည်။

သမဝါယမ ကဏ္ဍမှ ရေဘေးသင့် ဒေသများရှိ ထိခိုက် ဆုံးရှုံးခံရသော ပြည်သူများ အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အိမ်တွင်း လုပ်ငန်း စရိတ်ချေးငွေများ ထပ်မံ ပံ့ပိုးပေးနိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က နေပြည်တော်၌ ပြုလုပ်ခဲ့ပြီး ယင်းကဲ့သို့ဆောင်ရွက်ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.