Connect with us

Environment, Disasters & Accidents

ကရင်ပြည်နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူ ၂ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရရှိ

လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့်နေအိမ်အားတွေ့ရစဉ်(MOI)

ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် လေပြင်းတိုက်ခတ်ပြီး သစ်ပင်ပြိုလဲမှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

လေပြင်းတိုက်ခတ်ပြီး ယာတဲပေါ်သို့ သစ်ပင်လဲကျပိမိ၍ အဆိုပါတဲအတွင်းရှိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် ခါးအောက်ပိုင်းကြေမွဒဏ်ရာ များဖြင့် သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။အဆိုပါ ဒဏ်ရာရရှိသူကို လိပ်သို ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး လူ ၂ ဦး သေဆုံးမှုအား လိပ်သိုနယ်မြေရဲစခန်းက သေမှု သေခင်း အမှတ်စဉ်(၂/၂၀၁၉)ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။မကွေးတိုင်းဒေသကြီးတွင်လည်း မေလ ၁၁ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ပွင့်ဖြူမြို့နယ် ဆင်လူးကျေးရွာ၌ နေအိမ် အလုံး ၅၀ အမိုးလန် ပျက်စီးခဲ့ပြီး ရှမ်းပြည်နယ်တွင်လည်း လေပြင်းတိုက်ခတ်မှုကြောင့် ပင်လောင်းမြို့နယ်၊ ရေကန်လောင်းကျေးရွာ၌ စာသင်ကျောင်း ၁ ကျောင်း အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။(Xinhua)