ရန်ကုန်၊ မေ ၁ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင် မြို့နယ်၊ ကယားပြည်နယ် ဘော်လခဲခရိုင် ရွာသစ်မြို့တို့တွင် ဧပြီလ ၃၀ တွင် လေပြင်းတိုက်ခတ်ခဲ့သည့်အတွက် နေအိမ်အချို့ပျက်စီးခြင်း၊ ထီးတော်များမြေခခြင်း၊ စာသင်ကျောင်းတချို့ ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) ယနေ့ နံနက်တွင် နေပြည်တော် ဧက ၁,၀၀၀ ဝန်ထမ်း အိမ်ရာ တိုက်အမှတ် ၁,၃၆၈ အနီးတွင် စာရင်းစစ်ချုပ်ရုံး ဝန်ထမ်း ဖယ်ရီကားနှင့် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ဖယ်ရီကားတို့ ယာဉ်တိုက်မှု...
ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) မိုးဦးကာလ ရောက်ရန် တိုက်ခတ်သည့် အနောက်တောင် မုတ်သုံလေသည် မေလ ဒုတိယပတ်တွင် မြန်မာနိုင်ငံ တောင်ပိုင်းသို့ စတင် ဝင်ရောက်နိုင်မည် ဖြစ်ပြီး၊ ဇွန်လ ဒုတိယ ပတ်တွင်တော့ မြန်မာ တစ်နိုင်ငံလုံးသို့ အနောက်တောင် မုတ်သုံလေ ရရှိမည် ဖြစ်ကြောင်း...
ရန်ကုန် ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသများ ဖြစ်သည့် ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး (အထက်ပိုင်း) မှ လွဲ၍ ကျန်သည့် ဒေသများတွင် နေ့အပူချိန်များ တိုးမြင့်နေမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု...
ရန်ကုန် ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက် ပျက်စီးသွားသော ရှမ်းပြည်နယ် ၊ မွေတော်ကက္ကူ ဘုရားဝင်း အတွင်းရှိ ဘုရားစေတီများအား ရှေးမူမပျက် ပြန်လည် ပြုပြင် မွမ်းမံ တည်ဆောက်သွားမည် ဖြစ်ကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ...
ရန်ကုန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) သစ်တောများ ပြုန်းတီးလာခြင်းကြောင့် ယခုနှစ်အတွင်း ကျွန်းသစ် ထုတ်လုပ်မှု ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တော ဦးစီးဌာနမှ သိရသည်။
ရန်ကုန်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ) မိတ္ထီလာ တပ်နယ်၊ လေကြောင်း အတတ်သင် လေတပ်စခန်းဌာနချုပ်မှ Bell-206 အမျိုးအစား ရဟတ်ယာဉ် အမှတ် ၀၁၂၅ သည် ယနေ့နံနက် လေ့ကျင့် ပျံသန်းမှု ဆောင်ရွက်စဉ် စက်ချို့ယွင်းမှုကြောင့် မိတ္ထီလာမြို့ မုန်တိုင်ဆည်အတွင်း ထိုးဆင်း ပျက်ကျခဲ့ကြောင်း တပ်မတော်...
ရန်ကုန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ) မင်္ဂလာတောင်ညွှန့် မြို့နယ် ကန်တော်လေး တောင်ရပ်ကွက် သိမ်ဖြူလမ်း အမှတ် ၁၄၉ ပီတိ ဆေးခန်းမှ စတင် လောင်ကျွမ်းသော မီးကြောင့် စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၄၆ သိန်းခန့် ရှိကြောင်း ရန်ကုန် တိုင်းဒေသကြီး မီးသတ်...
ရန်ကုန်၊ဧပြီ ၂၄ ရက် (ဆင်ဟွာ) လတ်တလောကာလများအတွင်း မြန်မာနိုင်ငံတစ်ဝန်း၌ မိုးတိမ်တောင်များဖြစ်ပေါ်ကာ မိုးသည်းထန်စွာရွာသွန်းခြင်း၊လေပြင်းတိုက်ခြင်း၊မိုးကြိုးပစ်ခြင်း၊မိုးသီးရွာခြင်းစသည် တို့ဖြစ်ပေါ်၍ လူ၊ ကျွဲ၊ နွား နှင့် တိရစ္ဆာန်များပါ ထိခိုက်သေဆုံးမှုများ ရှိသဖြင့် ထိုသို့ဖြစ်ပေါ်လာခဲ့ပါက ကြိုတင်ကာကွယ်ရေးအတွက် အသိပေး နှိုးဆော်စာ တစ်စောင်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအချို့ ဒေသများတွင်လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းလေပြင်း တိုက်ခတ်မှုများ ဖြစ်ပွားခဲ့ရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ ကက္ကူကျေးရွာအုပ်စု၊ ကက္ကူကျေးရွာရှိ မွေတော်ကက္ကူဘုရားဝင်းအတွင်း တွင်လည်း ဧပြီလ ၂၂ ရက် ည ၇ နာရီခွဲမှ ၈ နာရီထိ လေပြင်းတိုက်ခတ်မှုတစ်ရပ်ဖြစ်ပွားခဲ့သည်။