Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ ကချင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် အိမ်ထောင်စု ၂,၀၀၀ နီးပါး ရေဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ပေါက်ကုန်းရပ်ကွက် (ပညာ့ရိပ်သာရပ်) တွင် နေအိမ်များအတွင်းသို့ ရေဝင်ရောက်လာသဖြင့် ကယ်ဆယ်ရေးဆောင်ရွက်နေမှုအား တွေ့ရစဉ် (ဓာတ်ပုံ-မီးသတ်)

ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ယနေ့ (ဇူလိုင် ၁ ရက်) နေ့လယ်အထိ အိမ်ထောင်စု ၂,၀၀၀ နီးပါး ရေဘေးလွတ်ရာနေရာသို့ ပြောင်းရွှေ့ထားရကြောင်း ကချင်ပြည်နယ်အစိုးရထံမှ သိရသည်။

“အသေအပျောက်မရှိပါဘူး၊ ကယ်ဆယ်ရေး လုပ်နေတယ်” ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့မှ အဖွဲ့ဝင် တစ်ဦးက ပြောသည်။

အဆိုပါ ရေဘေးသင့်ပြည်သူများကို ကချင်ပြည်နယ်အတွင်းရှိ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ စာသင်ကျောင်း စုစုပေါင်း ၃၀ ကျော်သို့ ရွှေ့ပြောင်းပေးထားကြောင်း သိရသည်။

ယင်းဒေသအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇွန် ၃၀ ရက် နံနက်ပိုင်းမှ စတင်ပြီး ဧရာဝတီမြစ်ရေမြင့်တက်လာကာ မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်၊ ရေကြည်ကျေးရွာ အတွင်းသို့ ရေ ၆ ပေခန့်အထိ ဝင်ရောက်လာကြောင်း၊ အဆိုပါ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိသည့် နေရာများမှ ဒေသခံများအား ရေဘေးကင်းလွတ်ရာ နေရာများသို့ ရွှေ့ပြောင်းပေးလျက်ရှိကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းများအရ သိရသည်။

“ရေကြီးတာ ဒီမနက်(ဇူလိုင် ၁ ရက်) ပိုဆိုးလာတယ်၊ နေရာတော်တော်များများ ရေဝင်လာလို့ ပိတ်မိနေသူ အကူအညီတောင်းရင် တောင်းတဲ့နေရာတိုင်းကို ကျွန်တော်တို့ အကုန်မသွားပေးနိုင်ဖြစ်နေတယ်၊ မီးသတ်အဖွဲ့နဲ့ အာဏာပိုင်တွေလည်း ကယ်ဆယ်ရေးတော့ လုပ်နေပါတယ်” ဟု ဧရာဝတီကရုဏာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာအထက်တွင် ရောက်ရှိနေကြောင်း သိရသည်။ (Xinhua)

 

 

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117