Connect with us

Politics, Law & Military

ကြားဖြတ်ရွေးကောက်ပွဲ ဧပြီလ ၁ ရက်နေ့ ကျင်းပမည်

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၁၇ ခုနှစ် ၊ဧပြီလ ၁ရက်နေ့ (စနေနေ့) တွင် ကျင်းပမည်ဖြစ်ပြီး လစ်လပ်နေရာ ၁၈ နေရာ ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အောက်တိုဘာလ ၁၁ ရက်နေ့ နေ့စွဲဖြင့် အသိပေးကြေညာချက် ထုတ်ပြန်သည်။

ကျင်းပပေးမည့် မဲဆန္ဒနယ် နေရာ များမှာ ပြည်သူ့လွှတ်တော် ၉ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေ ရာ၊ ပြည်နယ်လွှတ်တော် ၆ နေရာတို့ဖြစ်သည်။လစ်လပ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များမှာ မုံရွာမြို့နယ်ပြည်သူ့လွှတ်တော်၊ ချောင်းဆုံမြို့နယ်ပြည်သူ့လွှတ်တော်၊ အမ်းမြို့နယ်ပြည်သူ့လွှတ်တော်၊ လှိုင်သာယာမြို့နယ်ပြည်သူ့လွှတ်တော်၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော်၊ ဒဂုံမြို့သစ်အရှေ့ပိုင်း ပြည်သူ့လွှတ်တော်၊ ကော့မှူးမြို့နယ်ပြည်သူ့လွှတ်တော်၊ ကျေးသီးမြို့နယ် ပြည်သူ့လွှတ်တော်၊ မိုင်းရှုးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် တို့ဖြစ်ကြသည်။လစ်လပ်အမျိုးသားမဲဆန္ဒနယ်များမှာ ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်၃၊ ပဲခူးတိုင်းဒေသကြီးအမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၄၊ ရန်ကုန်တိုင်းဒေသကြီးအမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၆ တို့ဖြစ်ကြသည်။

လစ်လပ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များမှာ ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁)၊ ကျိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၂)၊ ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) ၊ မိုင်းရှုးမြို့နယ်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)၊ မိုင်းရှုးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) တို့ဖြစ်ကြကြောင်းသိရသည်။ (Xinhua)