Connect with us

Politics, Law & Military

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေး စတင် ကျင်းပ

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးကို စတင် ကျင်းပနေစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ မေ ၂၄ ရက်(ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးအား ယနေ့မေ ၂၄ ရက်တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂)တွင် စတင် ကျင်းပလျက် ရှိသည်။

ညီလာခံပထမနေ့ နံနက်ပိုင်း ဖွင့်ပွဲ အခမ်းအနားတွင် ခေါင်းဆောင်များ အသီးသီးက အဖွင့် အမှာစကားများ ပြောကြားကြမည် ဖြစ်ပြီး အစည်းအဝေးကို မေ ၂၄ ရက်မှ ၂၈ ရက်ထိ ၅ ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ ညနေပိုင်းတွင် ညီလာခံကိုယ်စားလှယ်များ သိသင့်သိထိုက်သည့် အချက်အလက်များ၊ ဆွေးနွေးမည့် ပုံစံများအား ရှင်းလင်းတင်ပြပြီး လိုက်နာရမည့်စည်းကမ်း များကို ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက် ကြမည် ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -၂၁ရာစု ပင်လုံ ဒုတိယ အစည်းအဝေးသို့NCA လက်မှတ် ရေးထိုး ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့မှ ကိုယ်စားလှယ်များ အပါအဝင် UWSP/UWSA ၊ KIO/KIA ၊ ULA/AA ၊ PSLF/TNLA ၊ MNTJP/MNDAA ၊ SSPP/SSA ၊ PSC/NDAA အဖွဲ့များ တက်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -၂၁ရာစု ပင်လုံ ဒုတိယ အစည်းအဝေးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးမှ သဘောတူညီချက် ရရှိထားသည့် နိုင်ငံရေးကဏ္ဍ ခေါင်းစဉ်ကြီး (၆) ခု၌ အချက်ပေါင်း (၂၁) ချက် ၊ စီးပွားရေး ကဏ္ဍ ခေါင်းစဉ်ကြီး (၇) ခု၌ အချက်ပေါင်း (၁၀) ချက်၊ လူမှုရေးကဏ္ဍ၌ အချက်ပေါင်း (၄)ချက်၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ၌ အချက်ပေါင်း (၆)ချက် စုစု ပေါင်း (၄၁) ချက်များကို တင်သွင်း အတည်ပြုခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခု အစိုးရ လက်ထက်တွင် ပထမဆုံး အကြိမ်အဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ပထမ အစည်းအဝေးအား ၂၀၁၆ ခုနှစ် သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၃ ရက် အထိ ကျင်းပ ပြုလုပ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.